အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် စီရစ်ခ်မြို့ရှိ မင်္ဂလာဆောင်ပွဲအပေါ် မကြာ သေးမီက အမေရိကန်၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အမေရိကန်၏ လုပ်ရပ်များသည် ရှိုင်တန် ၏ ပြုမူပုံကို ထင်ဟပ် နေ ကြောင်း ပြောကြားခဲ့ပါတယ်။
ကာလီဗါဖ် က လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည့် ၎င်း၏ ကြေညာချက်၌ မီးနာဗ် ၊ လာမတ်ဒ်နှင့် ကို ဟက်စ်တက်ခ် တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ မီးနာဗ် တွင် ကလေးများ သေဆုံးခဲ့ကြောင်း၊ လာမတ်ဒ်ရှိ အားကစားခန်းမတွင် ကလေးများ ပစ်မှတ်ထားခံခဲ့ရကြောင်း ၊ လာရက်ခ်ရှိ မင်္ဂလာ ဆောင်ပွဲတွင်လည်း ကလေးများသည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ သေဆုံးခဲ့ကြောင်း ၎င်းက ပြော ကြား ခဲ့ပါတယ်။
၎င်းက “အကယ်၍ အင်အားကြီးနိုင်ငံတစ်ခုသည် ရှိုင်တန် ကဲ့သို့ ပြုမူပြီး၊ ရှိုင်တန် ကဲ့သို့ ၎င်း၏ ပစ်မှတ်များကို ရွေးချယ်ကာ ရှိုင်တန် ကဲ့သို့ လူများကို သတ်ဖြတ်ပါက ထိုနိုင်ငံကိုယ်တိုင် စာတန်ဖြစ်လာသည်” ဟု ပြောကြား ခဲ့ပါတယ်။
ကာလီဗါဖ် ၏ အဆိုအရ ထိုသို့သော လုပ်ရပ်များကို ပြုလုပ်သည့် အင်အားသေးနိုင်ငံတစ်ခုအား အဆိုပါ အင်အားကြီးနိုင်ငံက ထောက်ခံပေးပြီး ကာကွယ်ပေးနေပါက ထိုနိုင်ငံကို“မဟာ ရှိုင်တန်” ဟု ခေါ်ဆိုခြင်းသာ မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment