၃ စက်တင်ဘာ ၂၀၂၆ - ၂၁:၅၅
ယီမင်တပ်ဖွဲ့က အယ်လ်မိုခါမြို့ရှိ ဆော်ဒီအာရေဗျထောက်ခံသော တိုက်ခိုက်ရေးသမားများ၏ စခန်းများကို ဒုံးကျည်အများအပြားဖြင့် တိုက်ခိုက်

ဆော်ဒီအာရေဗျနှင့် ဆက်နွှယ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် တအစ်ဇ် ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ အယ်လ်မိုခါ တွင် ဆော်ဒီအာရေဗျက ထောက်ခံပေးထားသော တိုက်ခိုက် ရေးသမားများ၏ စခန်းများကို ရုတ်တရက် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ဆော်ဒီအာရေဗျ၏ ပိတ်ဆို့မှုကို “ပိတ်ဆို့မှုဖြင့် တုံ့ပြန်ခြင်း၊ ပြင်းထန်မှုကို ပြင်းထန်မှုဖြင့် တုံ့ပြန်ခြင်း” ဟူသော မဟာဗျူဟာအရ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဆော်ဒီထောက်ခံသော တိုက်ခိုက်ရေးသမားများ၏ စခန်းများကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အေဒင်မြို့ရှိ ဆော်ဒီအာရေဗျထောက်ခံသော အစိုးရနှင့် ဆက်နွှယ်သည့် သတင်းရင်းမြစ်များကအန်ဆွာရိုလ္လာဟ် တပ်ဖွဲ့သည် တအစ်ဇ်ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ အယ်လ်မိုခါတွင် ဆော်ဒီအာရေဗျနှင့် ဆက်နွှယ် သော တပ်ဖွဲ့များ၏ စခန်းများကို ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း အဆိုပြုထားပါတယ်။

သတင်းများအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် အစ်ဗ် ပြည်နယ်ရှိ ဂျဘယ်လ် ဘာဒန် ဒေသမှ အယ်လ်မိုခါ ဆိပ်ကမ်းဘက် သို့ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၁၄ စင်း ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

အခြားတစ်ဖက်တွင် အန်ဆာရ်အလ္လာဟ်၏ တရားဝင်သတင်းရင်းမြစ်များက အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ယခုအချိန်အထိ တရားဝင် တုံ့ပြန်ချက် သို့မဟုတ် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

ယီမင်ဘက်မှ ဆော်ဒီအာရေဗျ၏ ပိတ်ဆို့မှုကို “ပိတ်ဆို့မှုဖြင့် တုံ့ပြန်ခြင်း၊ ပြင်းထန်မှုကို ပြင်းထန်မှုဖြင့် တုံ့ပြန်ခြင်း” ဟူသော မူဝါဒကို ကျင့်သုံးလာခဲ့သည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်သည်။ ထိုကာလအတွင်း ဆော်ဒီအာရေဗျ၏ စစ်ရေးဆိုင်ရာ အဆောက်အအုံများနှင့် ယီမင်နိုင်ငံအတွင်းရှိ ဆော်ဒီထောက်ခံသော တိုက်ခိုက်ရေးသမားများ၏ စခန်းများကို တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းတွင်လည်း ဆော်ဒီထောက်ခံသော တိုက်ခိုက်ရေးသမားများ၏ အရေးပါ သည့် စခန်းများအများအပြား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ထိုတိုက် ခိုက်မှုများအတွင်း တိုက်ခိုက်ရေးသမား အများအပြား သေဆုံးခဲ့ကြောင်းနှင့် ဆော်ဒီထောက်ခံသော တပ်ဖွဲ့များ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha