အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်၏ နိုင်ငံရေးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ယဒိုလာ ဂျဝါနီက အာရပ် နိုင်ငံများအား မိမိတို့နိုင်ငံများအတွင်းရှိ အမေရိကန်စစ်စခန်းများကို ဖယ်ရှားရန် တိုက်တွန်းခဲ့ပါတယ်။ ထိုသို့မလုပ်ပါက အီရန်၏ ပြင်းထန်ပြီး အဆုံးအဖြတ်ကျသော တုံ့ပြန်မှုကို ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက သတိ ပေးခဲ့ပါတယ်။
ဗိုလ်ချုပ် ဂျဝါနီက အာရပ်နိုင်ငံများကို ရည်ညွှန်း၍ “အမေရိကန်တပ်ဖွဲ့ဝင်များကို မိမိတို့နိုင်ငံများမှ ထုတ်ပယ်ပြီး အမေရိကန်စစ်စခန်းများကို ပြန်လည်ဖယ်ရှားပစ်ခြင်းက ပိုမိုကောင်းမွန်သည်”ဟု ပြောကြားခဲ့ပါတယ်။
ထိုသို့ မလုပ်ဆောင်ပါက အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့၏ ရပ်တည်ချက်ကို သက်သေပြခဲ့ ပြီးဖြစ် ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန် သို့မဟုတ် အမေရိကန်၏ စစ်ရေးတည်ရှိမှုရှိသည့် မည်သည့်နိုင်ငံမှမဆို အီရန်ကို တိုက်ခိုက်လာပါက အီရန်ဘက်မှ ပြတ်သားပြီး အပြည့်အဝ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment