အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေးမီဒီယာ “Israel National News” (Arutz Sheva) သည် ဂျော်ဒန်ဒေသခံသတင်းများကို ကိုးကား၍ အင်္ဂါနေ့ညတွင် ဂျော်ဒန်နိုင်ငံဘက်သို့ ပစ်လွှတ်ခဲ့သည့် အီရန်ဒုံးကျည်များသည် အမေရိကန်စစ်ဘက်အရာရှိများ တည်းခိုနေသော ဟိုတယ်တစ်ခုကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့ညတွင် အမေရိကန်စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဦးတည်၍ ဒုံးကျည်များနှင့် ဒရုန်းများ အသုံးပြုသည့် ကျယ်ပြန့်သော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပါတယ်။
အီရန်၏ လက်တုံ့ပြန်အရေးယူတိုက်ခိုက်မှုများ အပြီးတွင် ဂျော်ဒန်စစ်တပ်က ထုတ်ပြန်ချက်တစ်ရပ်တွင် “လေ ကြောင်း ရန်ကာကွယ်ရေးစနစ်များသည် ပဲ့ထိန်းဒုံးကျည် ၁၃ စင်းကို ရင်ဆိုင်တားဆီးခဲ့ပြီး၊ ၁၀ စင်းကို ကြားဖြတ်ပစ်ချ၍ ဖျက်ဆီးနိုင်ခဲ့ကာ ကျန် ၃ စင်းမှာ ဝေးလံသောဒေသများတွင် ကျရောက်ခဲ့သည်” ဟု ဆိုခဲ့ပါတယ်။
ဂျော်ဒန်စစ်တပ်က ၎င်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်၍ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် လူသေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော် အစ္စရေးမီဒီယာများက ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအနီး ဒေသများတွင် ကယ်ဆယ် ရေးရဟတ် ယာဉ်များနှင့် လူနာတင်ယာဉ်များ အလွန်တက်ကြွစွာ သွားလာနေကြောင်း ဖော်ပြခဲ့ပါတယ်။ ထို့အပြင် ဒေသခံသတင်းရင်းမြစ်များကလည်း တိုက်ခိုက်ခံခဲ့ရသော အမေရိကန်စစ်အခြေစိုက်စခန်းများအတွင်းမှ ဒဏ်ရာ ရသူများကို ရွှေ့ပြောင်းပို့ဆောင်နေသည့် ဓာတ်ပုံများ ကို ထုတ်ပြန်ခဲ့ပါတယ်။
ထို့အပြင် ဂြိုဟ်တုဓာတ်ပုံများတွင်လည်း ဂျော်ဒန်နိုင်ငံရှိ မင်းသား ဟစန် လေတပ်စခန်း (Prince Hassan Air Base) ကို အီရန်ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်ဟု ဆိုပါတယ်။ ယင်းသည် တိုက်ခိုက်မှုများ၏ တိကျ မှုမြင့်မားခြင်းနှင့် အီရန်၏ လက်တုံ့ပြန်အရေးယူ စစ်ဆင်ရေး အောင်မြင်မှု ကို ဖော်ပြနေသည်ဟု ဆောင်းပါး က ဆိုထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment