အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယီမင် လက်နက်ကိုင်တပ်ဖွဲ့များသည် တာအစ်ဇ်ပြည်နယ်၏ လေပိုင်နက်အတွင်း ဆော်ဒီတပ်မတော်နှင့် ဆက်နွှယ်သည့် လက်နက်တပ်ဆင်ထားသော ဒရုန်းတစ်စင်းကို ပစ်ချခဲ့ခြင်းဖြစ်ပါတယ်။
ယီမင် လှုပ်ရှားမှုအဖွဲ့ အန်ဆွာရိုလ္လာဟ် ၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က တနင်္ဂနွေနေ့ တွင် ကြေညာရာ၌ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် တာအစ်ဇ်ပြည်နယ်အတွင်းရှိ ဆော်ဒီတပ်မတော်၏ ဒရုန်း တစ်စင်းကို အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် ၏ အဆိုအရ အဆိုပါဒရုန်းမှာ Wing Loong-2 အမျိုးအစား လက်နက်တပ်ဆင်ထားသော ထောက်လှမ်းရေးလေယာဉ် ဖြစ်ပြီး ဆော်ဒီဘက်၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု ဆိုပါတယ်။
၎င်းက ထိုဒရုန်းသည် တာအစ်ဇ်ပြည်နယ် မက်ဘနာ ဒေသ၏ အနောက်မြောက်ဘက် လေပိုင်နက်အတွင်း “ရန်လိုသော မစ်ရှင်”တစ်ရပ်ကို ဆောင်ရွက်နေသည်ဟု ယူဆရသည့်အချိန်တွင် ယခုစစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ဒရုန်းကို သင့်လျော်သော လက်နက်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ကာ ပစ်ချနိုင်ခဲ့ ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
အန်ဆာရ်အလ္လာဟ်၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသတွင်း စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်နေစဉ် ရန်ဘက်၏ လေကြောင်းလှုပ်ရှားမှုများကို စောင့်ကြည့်လျက်ရှိပြီး သင့်လျော် သည့် အချိန်တွင် တုံ့ပြန်ဆောင်ရွက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment