အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အစ္စလာမ့်တော်လှန်ရေး အစောင့်တပ် ရေတပ်၏ ပြောရေး ဆိုခွင့်ရှိသူက အဆိုပါ ရေအောက်ဒရုန်းကို ဟော်မုဇ်ရေလက်ကြား၏ ဝင်ပေါက်အနီးတွင် သိမ်းဆည်း ရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စလာမ့်တော်လှန်ရေး အစောင့်တပ်၏ ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
“ချစ်ခင်ရပါသော မျိုးချစ်စိတ်ထက်သန်သည့် အီရန်ပြည်သူများခင်ဗျာ။ အလ္လာဟ်အရှင်မြတ်၏ အထူး ကရုဏာ တော်ဖြင့် အစ္စလာမ့်တော်လှန်ရေး အစောင့်တပ် ရေတပ်မှ တပ်ဖွဲ့ဝင်များသည် ယနေ့တွင် ရှုပ်ထွေးသည့် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် အမေရိကန်စစ်တပ်၏ နောက်ဆုံးပေါ်နည်းပညာများ တပ်ဆင်ထားသည့် မောင်းသူမဲ့ ရေအောက်ရေယာဉ်တစ်စင်းကို ဟော်မုဇ် ရေလက်ကြား ဝင်ပေါက်တွင် သိမ်းဆည်းရမိခဲ့တယ်။”
အဆိုပါ ခေတ်မီရေအောက်ဒရုန်းသည် ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ် ရေအောက်နည်းပညာများ တပ်ဆင်ထားပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်စစ်တပ်၏ ရေတပ်အုပ်စုထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ထို့အပြင် အဆိုပါ ရေအောက်ဒရုန်းကို ယခုအခါ စစ်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ဘက်ပစ္စည်း (war booty) အဖြစ် ထိန်းသိမ်းထားပြီး လာမည့် နာရီအနည်းငယ်အတွင်း ၎င်း၏ ဓာတ်ပုံများကိုလည်း ထုတ်ပြန် ပေးသွား မည်ဟု ကြေညာချက်တွင် ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment