အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဆော်ဒီတိုက်လေယာဉ်များသည် ယီမင်နိုင်ငံရှိ နေရာအမျိုးမျိုးကို အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ် ပြုလုပ်ခဲ့ပြီး မာရစ်ဘ် ၊ အလ်ဂျော်ဖ် ၊ တအစ်ဇ် နှင့် ဟိုဒေးဒါပြည်နယ်များ ပါဝင်ကြောင်း သိရပါတယ်။
အလ်မဆီရ၏ သတင်းအရ ဆော်ဒီတိုက်လေယာဉ်များသည် ခပ်ဘ်အလ်ရှာအက်ဖ်ဒေသရှိ နေရာ အမျိုးမျိုး ကို အနည်းဆုံး ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သတင်းအရ ဆရဝဟ်ဒေသရှိ နေရာအမျိုးမျိုး၊ အလ်ဝါဒီ နှင့် အဇ်ဇောရ် တို့အပါအဝင် နေရာများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး အလ်ဘာရဟ်ဒေသကိုလည်း ဆော်ဒီတိုက်လေယာဉ်များက ၅ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
အလ်မဆီရာ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် နာရီအနည်းငယ်အတွင်း ဆော်ဒီတိုက်လေယာဉ်များသည် ယီမင်နိုင်ငံ၏ မာရစ်ဘ်၊ အလ်ဂျော်ဖ်၊ တအစ်ဇ်နှင့် ဟိုဒေးဒါ ပြည်နယ်များရှိ နေရာအမျိုးမျိုးကို စုစုပေါင်း အနည်းဆုံး ၃၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုများ ဖြစ်ပွားချိန်မှပင် မီဒီယာသတင်းများတွင် အလ်ဂျော်ဖ်ဒေသရှိ ဆော်ဒီအာရေဗျနှင့် ဆက်နွှယ် သည့် အခြေစိုက်နေရာများကို ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ကျယ်ပြန့်သော စစ်ဆင် ရေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေခဲ့ပါတယ်။
သတင်းအရ ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ယီမင်အစိုးရတပ်ဖွဲ့များကို ဆန့်ကျင် တိုက်ခိုက် ရာတွင် ရီယာ့ဒ် (ဆော်ဒီအာရေဗျ) ၏ ထောက်ခံမှုရရှိထားသော လက်နက်ကိုင်အဖွဲ့များကို ကူညီပေးရန် ရည်ရွယ် ခြင်းဖြစ်ပုံရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment