၁၀ စက်တင်ဘာ ၂၀၂၆ - ၁၄:၂၁
ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား အီရန်တိုက်ခိုက်မှုတွင် တိုက်လေယာဉ် ၉ စင်း ထိခိုက်

အမေရိကန်သတင်းကွန်ရက်တစ်ခုက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား အီရန်၏ ဒုံးကျည် တိုက်ခိုက်မှုများအတွင်း အမေရိကန်တိုက်လေယာဉ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnimသတင်းဌာန ၏ အစီရင်ခံစာအရ  အမေရိကန်၏ CBS  သတင်းကွန်ရက်က မကြာသေးမီက အီရန်၏ ဂျော်ဒန်နိုင်ငံရှိ “Muwaffaq Salti” လေတပ်စခန်း** အား တိုက်ခိုက်မှုများအတွင်း အမေရိကန်စစ်ဘက်သုံး လေယာဉ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

CBS ၏ ဖော်ပြချက်အရ F-15 တိုက်လေယာဉ် ၈ စင်း  သည် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး A-10 Thunderbolt  (Warthog ဟုလည်း ခေါ်ဆိုသည်) လေယာဉ်တစ်စင်းမှာ တိုက်ခိုက်ခံရကာ တောင်ပံ တစ်ဖက် ဆုံးရှုံးသွားခဲ့ပါတယ်။

အဆိုပါသတင်းကွန်ရက်၏ ဖော်ပြချက်အရ ယင်းတိုက်ခိုက်မှုများကြောင့် အမေရိကန် တပ်ဖွဲ့ ဝင်များ အကြား လူသေဆုံးမှု မရှိကြောင်း သိရပါတယ်။ ထို့အပြင် အီရန်၏ ဒုံးကျည် အမြောက်အမြား ဖြင့် တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အမေရိကန်တပ်ဖွဲ့များက Patriot ဒုံးကျည် ၃၀ ကျော် ပစ်လွှတ်ခဲ့  ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန်အရာရှိများက Patriot ဒုံးကျည်များနှင့် အခြားတိကျစွာ ပစ်မှတ်ထားနိုင်သော လက်နက် ခဲယမ်းများ၏ သိုလှောင်ပမာဏ လျင်မြန်စွာ လျော့နည်းလာနေခြင်းအပေါ် စိုးရိမ်မှုများကို ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။ ယင်းစိုးရိမ်မှုမှာ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ထွက်ပေါ်ခဲ့သော သတင်းအစီရင်ခံစာများတွင်လည်း အကြိမ်ကြိမ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha