၁၀ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၃
ယီမင် အန်ဆွာရိုလ္လာဟ် ၏ ပြင်းထန်သော ထိုးစစ်များ၊ အယ်လ်မိုခါပြီးနောက် ဇူကာကျွန်းလည်း လွတ် မြောက်

ပြင်သစ်သတင်းအေဂျင်စီ၏ သတင်းအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ ကြာသပတေး နေ့တွင် မဟာဗျူဟာအရ အရေးပါသည့် အယ်လ်မိုခါမြို့ကို သိမ်းပိုက်ပြီးနောက် ပင်လယ်နီ၏ တောင်ပိုင်း တွင် တည်ရှိသည့် မဟာဗျူဟာမြောက် ဇူကာကျွန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြင်သစ်သတင်းအေဂျင်စီသည် ယနေ့ ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော နုတ်ထွက်ထားသည့် ယီမင်အစိုးရနှင့် ဆက်နွယ်သူ သတင်းရင်းမြစ် သုံးဦးကို ကိုးကား၍ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီကမ်းရိုးတန်းရှိ၊ မဟာဗျူဟာမြောက် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားအနီးတွင် တည်ရှိသော အယ်လ်မိုခါမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းရင်းမြစ်များက ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် အယ်လ်မိုခါမြို့အပြင် ဇူဘားဘတ် မြို့အပါအဝင် အဆိုပါ ရေလက်ကြားတစ်လျှောက်ရှိ ကမ်းရိုးတန်းမြို့များကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင် ရန် နီးကပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုသို့ဖြင့် ယီမင်၏ ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေဒေသအားလုံးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။

ပြင်သစ်သတင်းအေဂျင်စီက မျက်မြင်သက်သေများကို ကိုးကား၍လည်း “အန်ဆွာရိုလ္လာဟ် အဖွဲ့ဝင်များ နှင့် ယီမင်စစ်သားများသည် ‘အမေရိကန် သေစေ၊ အစ္စရေး သေစေ’ ဟူသော ၎င်းတို့၏ ပုံမှန်ကြွေးကြော် သံများဖြင့် ယနေ့ အယ်လ်မိုခါမြို့အတွင်း ပျော်ရွှင်စွာ ဝင်ရောက်လာကြသည်” ဟု ရေးသားခဲ့ပါတယ်။

နုတ်ထွက်ထားသည့် ယီမင်အစိုးရနှင့် ဆက်နွယ်သည့် စစ်ဘက်သတင်းရင်းမြစ်တစ်ဦးကလည်း အန်ဆွာရိုလ္လာဟ် သည် ပင်လယ်နီ၏ တောင်ပိုင်းတွင် တည်ရှိသည့် ဇူကာကျွန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ပြီးနောက် တိုက်ခိုက်ရေးသမားများ တင်ဆောင်ထားသည့် လှေများဖြင့် ကုန်းမြေထိုးစစ်ကို စတင်ခဲ့ကာ လက်ရှိတွင် အဆိုပါ ယီမင်ကျွန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခပါတယ်။

ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားသည် သင်္ဘောသွားလာရေးအတွက် အန္တရာယ်များသောကြောင့် “မျက်ရည်များ၏ တံခါး” ဟု အဓိပ္ပာယ်ရသည့် “ဘာဗ်ဗိုလ် ဒူမူး” ဟုလည်း ခေါ်ဆိုကြသည်။ ၎င်းသည် ပင်လယ်နီ၏ တောင်ဘက်ဝင်ပေါက်ဖြစ်ပြီး အာရပ်ကျွန်းဆွယ်ရှိ ယီမင်နိုင်ငံနှင့် အာဖရိက ဘက်ကမ်းရိုး တန်း ရှိ ဂျီဘူတီနှင့် အီရီထရီးယားတို့အကြားတွင် တည်ရှိပါတယ်။

ထိုရေလက်ကြားသည် ပါရှန်ပင်လယ်ကွေ့မှ ရေနံစိမ်းနှင့် လောင်စာဆီများကို စူးအက်တူးမြောင်း သို့မဟုတ် ပင်လယ်နီကမ်းရိုးတန်းရှိ အီဂျစ်နိုင်ငံ၏ SUMED ပိုက်လိုင်းမှတစ်ဆင့် မြေထဲပင်လယ်အထိ သယ်ယူ ပို့ဆောင်ရာ လမ်းကြောင်းဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ အရေးအပါဆုံး ရေကြောင်း ကုန်သွယ် ရေးလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် ဥရောပမှ အာရှသို့၊ အာရှမှ ဥရောပသို့ သွားလာသည့် ကုန်စည်များ၏ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။

ဇူကာကျွန်းသည် အန်ဆွာရိုလ္လာဟ် ထိန်းချုပ်ထားသည့် ဆိပ်ကမ်းဖြစ်သော ဟိုဒေးဒါမြို့မှ အရှေ့ တောင်ဘက်သို့ ခန့်မှန်းခြေအားဖြင့် ၉၀ ကီလိုမီတာအကွာ၊ ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားအနီးတွင် တည်ရှိပါတယ်။ ထိုတည်နေရာကြောင့် ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြား တို့ကို စောင့်ကြည့်ထိန်းချုပ်နိုင်သည့် အခွင့်အလမ်း ရရှိစေပါတယ်။

အဆိုပါကျွန်းသည် နိုင်ငံတကာ ရေကြောင်းသွားလာရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ၎င်းကို ထိန်းချုပ်ထားနိုင်သည့် မည်သည့်အင်အားစုမဆို ဖြတ်သန်းသွားလာနေသည့် ကုန်သွယ်ရေး သင်္ဘောများ နှင့် စစ်သင်္ဘောများကို စောင့်ကြည့်နိုင်မည်ဖြစ်ပါတယ်။

အယ်လ်မိုခါမြို့တွင် အန်ဆွာရိုလ္လာဟ် ၏ လျင်မြန်သော ထိုးစစ်ဆင်မှုနှင့်ပတ်သက်သည့် ကနဦးသတင်း ပေါ်ထွက်လာပြီး တစ်နာရီအကြာတွင် ပြင်သစ်သတင်းအေဂျင်စီက နုတ်ထွက်ထားသည့် ယီမင်အစိုးရ၏ စစ်ဘက်အရာရှိတစ်ဦးနှင့် မျက်မြင်သက်သေများကို ကိုးကား၍ “ယီမင်စစ်တပ်နှင့် အန်ဆာရူလ္လာတို့သည် ပင်လယ်နီကမ်းရိုးတန်းရှိ အယ်လ်မိုခါမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီ” ဟု ရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha