၁၁ စက်တင်ဘာ ၂၀၂၆ - ၂၂:၂၁
အီရန်၊ တရုတ်နှင့် ရုရှားတို့က IAEA ဘုတ်အဖွဲ့တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ပယ်ချ

အဆိုပါနိုင်ငံသုံးနိုင်ငံက အီရန်၏ နျူကလီးယားကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လွှဲပြောင်းရန်နှင့် အီရန်အပေါ် “Snapback Mechanism” ကို အသက်သွင်းရန် ကြိုးပမ်းမှုသည် အခြေအမြစ်မရှိသည့်အပြင် တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် ၊ တရုတ်နှင့် ရုရှားတို့က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်း အင်အေ ဂျင်စီ (IAEA) ၏ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့တွင် အမေရိကန်နှင့် ဥရောပနိုင်ငံသုံးနိုင်ငံဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်ကို ဆန့်ကျင်ပြီး ပူးတွဲတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် တရားဝင်အခြေခံမရှိကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံသုံးနိုင်ငံက ပူးတွဲထုတ်ပြန်ချက်တွင် အီရန်၏ နျူကလီးယားကိစ္စကို လုံခြုံရေးကောင်စီသို့ လွှဲပြောင်းရန် ရည်ရွယ်ရေးဆွဲထားသည့် အဆိုပါဆုံးဖြတ်ချက်သည် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဆိုသည့် အခိုင်အမာပြောဆိုချက်များနှင့် ဆန့်ကျင်နေကြောင်း၊ ထို့ကြောင့် IAEA အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို အတည်မပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် အီရန်၏ နျူကလီးယားစက်ရုံများအပေါ် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို လျစ်လျူရှုပြီး ရေးဆွဲထားသည့် အဆိုပါဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်မှာ တီဟီရန်အပေါ် ဖိအားများ ပိုမိုတိုးမြှင့်ရန်နှင့် အီရန်နှင့် IAEA အကြား ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီရန်၊ တရုတ်နှင့် ရုရှားတို့က “Snapback Mechanism” ကို အသက်သွင်းရန် ကြိုးပမ်းမှုသည်လည်း တရားဝင်အကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ (UN Resolution 2231) ၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်များ သက်တမ်းကုန်ဆုံးသွားပြီးနောက် အဆိုပါလုပ်ထုံးလုပ်နည်းကို အသက်သွင်းရန် ကြိုးပမ်းခြင်းသည် တရားဝင်မှုမရှိကြောင်း ဆိုခဲ့ပါတယ်။

နိုင်ငံသုံးနိုင်ငံက အီရန်၏ နျူကလီးယားစက်ရုံများအပေါ် တိုက်ခိုက်မှုများကိုလည်း ရှုတ်ချခဲ့ပြီး လက်ရှိ လုံခြုံရေးအခြေအနေများကြောင့် IAEA အနေဖြင့် အီရန်နိုင်ငံအတွင်း မိမိ၏ အကာ အကွယ် စောင့်ကြည့် ရေးဆိုင်ရာ လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha