အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန နှင့် Reuters သတင်းဌာန၏ ဖော်ပြချက်အရ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ IEA က ၂၀၂၆ ခုနှစ်၏ နောက်ဆုံးလအနည်းငယ်အတွင်း ရေနံတင်ပို့ဖြန့်ဖြူးမှုသည် နောက်ထပ် တစ်နေ့လျှင် ရေနံစည် ၅.၇ သန်း ခန့် လျော့ကျသွားမည်ဖြစ်ပြီး၊ ယင်းပမာဏသည် ကမ္ဘာ့ရေနံဈေးကွက်၏ ၆ ရာခိုင်နှုန်း နှင့် ညီမျှကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ယခင်က ရေနံဖြန့်ဖြူးမှု ၄ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်သဖြင့် ယခုခန့်မှန်းချက်သည် ယခင်ခန့်မှန်းချက်ထက် ပိုမိုဆိုးရွားလာခြင်းဖြစ်ပါတယ်။
မှတ်သားဖွယ်မှာ ကမ္ဘာ့နိုင်ငံအများစုသည် မိမိတို့၏ အရေးပေါ်ရေနံသိုလှောင်ထားရှိမှုများကို အသုံးပြုရန် အတင်းအကျပ် ဖြစ်လာကြပြီဖြစ်ပါတယ်။
သတင်းများအရ ဩဂုတ်လအတွင်း ကမ္ဘာ့ရေနံစိမ်းသိုလှောင်မှုများတွင် ရေနံစည် ၃.၁ သန်း ခန့် လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။
IEA က အနောက်အာရှနှင့် အရှေ့ဥရောပဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ကြရန် တောင်းဆိုထားပါတယ်။
မှတ်သားဖွယ်မှာ Brent ရေနံဈေးနှုန်း သည် သောကြာနေ့တွင် တစ်စည်လျှင် ဒေါ်လာ ၁၀၉.၉၇ အထိ မြင့်တက်လာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment