၁၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
ယီမင်တပ်ဖွဲ့များ၏ တိုးတက်ချီတက်မှု ဆက်လက်ဖြစ်ပေါ် /ကျွန်းနှစ်ကျွန်း ထပ်မံသိမ်းပိုက်

ယီမင်တပ်ဖွဲ့များက ဟာနစ်ရှ် အယ်လ်ကူဘရာ (Hanish al-Kubra) နှင့် ဟာနစ်ရှ် အယ်လ်ဆွူဂ်ရာ (Hanish al-Sughra) ကျွန်းနှစ်ကျွန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ Reuters သတင်းဌာနသည် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော အစိုးရဘက်မှ သတင်းရင်းမြစ်များကို ကိုးကား၍ ဘာဗ်ဗိုလ်မန်ဒက်ဗ်ရေလက်ကြားအနီးတွင် တည်ရှိသည့်  ဟာနစ်ရှ် အယ်လ်ကူဘရာနှင့်  ဟာနစ်ရှ် အယ်လ်ဆွူဂ်ရာ  ကျွန်းနှစ်ကျွန်းကို ယီမင်စစ်တပ်နှင့်  အန်ဆွာရိုလ္လာဟ် တို့က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

မှတ်သားဖွယ်မှာ ယီမင်၏ နုတ်ထွက်ထားသော အစိုးရသည် နိုင်ငံခြားတိုင်းပြည်များ၏ ထောက်ခံမှုဖြင့် ယီမင်ပြည်သူများ၏ အစိုးရကို ဆန့်ကျင်သည့် ၎င်းတို့၏ လှုပ်ရှားမှုများကို တစ်ဖန် ပြန်လည်အရှိန်မြှင့်လာခဲ့ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha