၁၃ စက်တင်ဘာ ၂၀၂၆ - ၂၃:၄၀
“ပြစ်မှုဆိုင်ရာ အစ္စလာမ်ဥပဒေ အထောက်အထားပြ ဖိက္ဟ်” အတွဲ ၁၀ တွဲ စာအုပ်ကြီး ထုတ်ဖော်မိတ်ဆက်မည်

“ပြစ်မှုဆိုင်ရာ အစ္စလာမ်ဥပဒေ အထောက်အထားပြ ဖေက်ဟ် ” စာအုပ်ကြီးသည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ “သဟ်ရီရ်ရိုလ်ဝစီလဟ်” (تحریر الوسیله) ကျမ်းကို ပြည့်စုံကျယ်ပြန့်ပြီး အထောက်အထားများဖြင့် ရှင်းလင်းဖော်ပြထားသော ဖေက်ဟ် ကျမ်းတစ်ရပ် ဖြစ်ပါတယ်။ တရားစီရင်ရေးနှင့် သက်သေခံခြင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်သည့် ပထမဆုံးအတွဲများ ထုတ်ဝေပြီးနောက် စာမျက်နှာပေါင်း ၄,၅၀၀ ကျော် ပါဝင်သည့် အတွဲ ၁၀ တွဲ စုစည်းစာအုပ်အဖြစ် ထုတ်ဝေထားပြီး ယခုအပတ်အတွင်း ထုတ်ဖော်မိတ်ဆက်သွားမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

“ ပြစ်မှုဆိုင်ရာ အစ္စလာမ်ဥပဒေ အထောက်အထားပြ ဖိက္ဟ်” စာအုပ်ကြီးကို ပါရှန်းဘာသာဖြင့် စာမျက်နှာပေါင်း ၄,၅၀၀ ကျော် ရေးသားပြုစုထားပြီး အစ္စလာမ်ဖိက္ဟ်၏ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားပါတယ်။

ဤစာအုပ်ကြီး၏ ပထမ၊ ဒုတိယနှင့် တတိယအတွဲများ တွင် တရားစီရင်ရေး (قضا) နှင့် သက်သေခံခြင်း (شهادت) ဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းထားပြီး ယခုအကြိမ်တွင် ပထမဆုံးအဖြစ် ထုတ်ဝေခြင်း ဖြစ်ပါတယ်။ 

စတုတ္ထအတွဲမှ ဒသမအတွဲအထိ တွင်မူ ဟူဒူဒ် (حدود) သတ်မှတ်ပြစ်ဒဏ်များ ၊ ကိဆာဆ် (قصاص) အပြစ်တူပြစ်ဒဏ်  နှင့် ဒီယတ် (دیات) အသက် သို့မဟုတ် ကိုယ်ခန္ဓာထိခိုက်မှုအတွက် ပေးဆောင်ရသော လျော်ကြေး  ဆိုင်ရာ အကြောင်းအရာများ ပါဝင်ပြီး ယခင်က သီးခြားစာအုပ်များအဖြစ် ထုတ်ဝေခဲ့ကာ ပညာရှင်အသိုင်းအဝိုင်းနှင့် ဥပဒေရေးရာ အသိုင်းအဝိုင်းများထံမှ ကောင်းမွန်သော လက်ခံမှု ရရှိခဲ့ပါတယ်။ ယခုအခါ ထိုအတွဲများကို အသစ်တဖန် တည်းဖြတ်ပြီး သိပ္ပံဆိုင်ရာ အချက်အလက်များကို ထပ်မံဖြည့်စွက်ကာ အေမာမ် ခိုမေနီ (ရ.ဟ) ၏ “သဟ်ရီရ် ရိုလ်ဝစီလဟ်” ကျမ်းစာသားကို အခြေခံ၍ အတွဲ ၁၀ တွဲပါ စုစည်းစာအုပ်ကြီးတစ်ရပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။

ဤစာအုပ်စု၏ အကြောင်းအရာများသည် ဘာသာရေးပညာရှင် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် အဗ်ဒိုလ်ဟာဒီ မိုရ်သဇဝီ ၏ ၁၀ နှစ်ကျော်ကြာ ပညာရပ် ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုနှင့် သင်ကြားပို့ချမှုများ ၏ ရလဒ်ဖြစ်ပါတယ်။

၎င်းသည် ပါရှန်းပြက္ခဒိန် ၁၃၉၀ ပြည့်နှစ်များ အတွင်း သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို တပည့်များက မှတ်တမ်းတင်ရေးသားခဲ့ပြီးနောက် “ဘာဆူယေ အိဂျ်သေဟာဒ်” အင်စတီကျူးရှင်း၏ ပညာရပ် ဆိုင်ရာ ကော်မတီ က သုတေသနပြုခြင်း၊ စိစစ်ခြင်းနှင့် တည်းဖြတ်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဤစာအုပ်ကြီး၏ ထင်ရှားသော ထူးခြားချက်များအနက် တစ်ခုမှာ အကြောင်းအရာများကို ပြည့်စုံစွာ လွှမ်းခြုံထားခြင်းနှင့် အထောက်အထားအခြေပြု ခိုင်မာစွာ ဆွေးနွေးတင်ပြထားခြင်းအပြင်ခေတ်သစ်ဖြစ်ပေါ်လာသည့် အကြောင်းအရာများနှင့် အခြေအနေများကို သတ်မှတ်ဖော်ထုတ်လေ့လာခြင်း (موضوع‌شناسی)  ကိုလည်း အလေးထားဖော်ပြထားခြင်း ဖြစ်ပါတယ်။  ထို့ကြောင့် ယနေ့ခေတ်တွင် ပေါ်ပေါက်လာသည့် ဖေက်ဟ် နှင့် ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းရာ၌ အသုံးဝင်သော စာအုပ်တစ်အုပ် ဖြစ်လာစေမည်ဖြစ်ပါတယ်။ 

ဤစာအုပ်သည်“သဟ်ရီရ် အလ်ဝစီလဟ်” ၏ တန်ဖိုးမြင့် ကျမ်းစာသားကို ထူးခြားစွာ၊ ရှင်းလင်းပြတ်သားစွာနှင့် အိဂျ်တီဟာဒ်ဆိုင်ရာ နည်းလမ်းဖြင့် ရှင်းလင်းဖော်ပြထားသည့် ကျမ်းတစ်စောင်အဖြစ် သတ်မှတ်နိုင်ပြီး  ဘာသာရေးပညာသင်ကြားသူများ၊ တက္ကသိုလ်ပညာရှင်များ၊ သုတေသီများနှင့် အထူးသဖြင့် တရားရုံးများမှ တရားသူကြီးများ အတွက် ယုံကြည်စိတ်ချရသော ကိုးကားစရာ အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါတယ်။

ဤစာအုပ်ကို  ခိုရာဆန် ဘာသာရေးပညာရေးဌာန၏ ၁၁ ကြိမ်မြောက် အထူးပြု ဟောဇာစာအုပ် နှင့် အစ္စလာမ်ဘာသာရေးဗဟုသုတ စာအုပ်ပြပွဲ တွင် ထုတ်ဖော်မိတ်ဆက်၍ ပြသရောင်းချသွားမည် ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ပြပွဲကို၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha