၂၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
စစ်ပွဲ မပြီးဆုံးသေး ၊ ရေရှည်စစ်ပွဲအတွက် အပြည့်အဝ အသင့်ရှိနေ/အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ

အစ္စလာမ္မ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် မိုဟစ်ဘီ က အီရန်အပေါ် စစ်ပွဲသည် မပြီးဆုံးသေးကြောင်း၊ IRGC အနေဖြင့် ရေရှည်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း နှင့် လက်ရှိအခြေအနေတွင် အဆိုပါပြင်ဆင်မှုများကို ပိုမိုခိုင်မာအောင် ပြုလုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  IRGC ၏ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ က အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်များနှင့် ဖြစ်ပွားသည့် စစ်ပွဲတွင် ရန်သူဘက်သည် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ထိုရှုံးနိမ့်မှုကို ဝန်ခံရန်နှင့် လက်ခံရန် သတ္တိမရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

၎င်းက အမေရိကန်နှင့် အစ္စရေးတို့၏ ရှုံးနိမ့်မှုကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုနိုင်ကြောင်း ဆိုပါတယ်။ ရှုထောင့်တစ်ရပ်မှာ အမေရိကန်သည် ကြိုတင်သတ်မှတ်ထားသည့် ရည်မှန်းချက်များကို အကောင်အထည်မဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုထက်ပိုအရေးကြီးသည့် အချက်မှာ အမေရိကန်၏ မဟာဗျူဟာမြောက် ရှုံးနိမ့်မှု  ဖြစ်ကာ သမိုင်းဝင်ပြီး ထူးခြားသည့် သဘောသဘာဝရှိကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ပွဲ၏ အဆင့်သစ်တစ်ရပ် သို့မဟုတ် လက်ရှိစစ်ပွဲ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ က IRGC ၏ ရှုမြင်ချက်အရ ယင်းသည် စစ်ပွဲတစ်ခုတည်းဖြစ်ပြီး အဆင့်အမျိုးမျိုးရှိ ကြောင်း  စစ်ပွဲသည် မပြီးဆုံးသေးဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း၊ IRGC သည် ရေရှည်စစ်ပွဲအတွက် မိမိတို့ကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း အနာဂတ်တွင် တိုက်ခိုက်မှုများ ထပ်မံပြင်းထန်လာပါက IRGC သည် ကာကွယ်ရေးအတွက် အပြည့်အဝ အသင့်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်၏ ခန့်မှန်းချက်များနှင့် ပတ်သက်၍ ၎င်းက ဝါရှင်တန်သည် အီရန်ပြည်သူများနှင့် အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်၏ ခုခံမှုကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သည် ရက်အနည်းငယ်အတွင်း အီရန်ကို လက်နက်ချအောင် အတင်းအကျပ် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြောင်း ဆိုပါတယ်။ အစ္စရေးခေါင်းဆောင်ပိုင်းကလည်း အမေရိကန်အရာရှိများအား အီရန်သည် ရက်အနည်းငယ်အတွင်း ရှုံးနိမ့်မှုကို လက်ခံလိမ့်မည်ဟု အလားတူ အမြင်မျိုး ပေးထားခဲ့ကြောင်း သိရပါတယ်။

 ဗိုလ်ချုပ် ဟိုစိုင်းန် မိုဟစ်ဘီ ၏ အဆိုအရ အမေရိကန်သည် အီရန်ဒုံးကျည်များ၏ အကွာအဝေး၊ ဖျက်ဆီးနိုင်စွမ်း၊ ပစ်မှတ်တိကျမှု၊ ရေဒါမှ ရှောင်လွှဲနိုင်စွမ်း နှင့် အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများ၏ မျိုးကွဲစုံလင်မှုတို့ကြောင့်လည်း အံ့အားသင့်ခဲ့ရကြောင်း  ထို့ကြောင့် အမေရိကန်သည် ရှေ့တွင် ရေတွင်း၊ နောက်တွင် ချောက်ဖြစ်နေသည့် အခြေအနေမျိုး ဖြစ်ကြောင်း ဆိုလိုသည်မှာ ဘယ်ဘက်ကို ရွေးချယ်သည်ဖြစ်စေ အခက်အခဲကြုံတွေ့ရမည့် အခြေအနေ သို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha