၂၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
ဟော်မုဇ်ရေလက်ကြားတွင် ရန်သူ၏ ဒရုန်းတစ်စင်း ထပ်မံပစ်ချခံရ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးဌာနက တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ရန်သူ၏ ခေတ်မီ Orbiter ဒရုန်း တစ်စင်းသည် လေကြောင်းရန်ကာကွယ်ရေးစနစ်၏ ပစ်ခတ်မှုကို ခံရပြီး ပျက်စီးသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထူးခြားစွာ ဖော်ပြရမည်ဆိုလျှင် ယခုအချိန်အထိ  ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်၏ ဒရုန်းလေယာဉ် အစင်းရေ ဒါဇင်ပေါင်းများစွာ သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်နှင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များမှ ပစ်ခတ်မှုခံရပြီး ပျက်စီးခဲ့ပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha