အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ကုလ အစည်းအဝေး ပွဲတွင် ပြောကြားခဲ့သည့် မိန့်ခွန်း မှာကောက် နုတ်ချက်များ တစ်ချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မနေ့ အမေရိကန် သမ္မတ က ကျနော်တို့ ကို အကြမ်းဖက် သမားတွေလို့ပြောသွားပါတယ်။ ကျနော် တို့ဟာ အကြမ်းဖက်ဝါဒရဲ့ သားကောင်တွေပါ။ ကျနော် တို့ကို အကြမ်းဖက်ဝါဒနဲ့ တိုက်ခိုက်နေတဲ့သူတွေကပဲ ကျနော်တို့ကို အကြမ်းဖက်သမားတွေလို့ ပြန်ပြောကြပါတယ်။ကျနော် တို့ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာသာ ဖြစ်ပါတယ်။
တကယ်တော့ ကျနော် တို့ရဲ့ အပြစ်မဲ့ပြည်သူတွေဟာ အမေရိကန် က ကျနော် တို့နိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ မတရားတဲ့ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ကျနော် တို့ဟာ အင်အားအပြည့်နဲ့ ကာကွယ်သွားမှာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က နောက်ဆုံးပေါ် နည်းပညာနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အသုံးပြုပြီး ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော် တို့ပြည်သူတွေက အင်အားအပြည့်နဲ့ ရပ်တည်ခဲ့ကြပါတယ်။ ကျနော် တို့လည်း ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှေ့မှာ ခေါင်းမငုံ့ခဲ့ပါဘူး။ ကျနော် တို့ ပြန်တိုက်ခဲ့ပါတယ်။
အပြစ်မဲ့လူပေါင်း ၈၀,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့သူတွေက ကျနော် တို့ကို မတည်ငြိမ်မှု ဖြစ်စေသူတွေလို့ ပြောကြတာလား? လွတ်လပ်စွာ နေထိုင်ချင်ပြီး ခေါင်းမငုံ့ချင်တဲ့ ကျနော် တို့ကပဲ မတည်ငြိမ်မှု ဖြစ်စေသူတွေလား?
တကယ်လို့ လူတွေကို သတ်ဖြတ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့သူတွေကို လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူတွေလို့ သတ်မှတ်မယ်ဆိုရင်၊ သူတို့ဟာ နိုင်ငံတကာဥပဒေတွေရဲ့ ဘယ်စည်းမျဉ်းကိုမှ လိုက်နာကြတာ မဟုတ်ပါဘူး။
ကျနော် တို့ရဲ့ အဖြေကို ကျွန်တော်တို့ ရှာတွေ့ပြီးပါပြီ။ကျနော် တို့မှာ အင်အားလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ လူမျိုးတစ်မျိုးဟာ ဒီကမ္ဘာမှာ အနိုင်ကျင့်ဖိနှိပ်ခံရမှာ ဖြစ်လို့ပါ။
ဒီကမ္ဘာမှာ အင်အားကြီးသူတွေဟာ ပြည်သူတွေအတွက်၊ လူသားမျိုးနွယ်အတွက်၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် စဉ်းစားပေးမယ့်အစား ပျက်စီးခြင်း၊ ဖျက်ဆီးခြင်းနဲ့ အဆုံးအရှုံးတွေကို ဖြစ်စေတဲ့ အင်အားစုတွေ ဖြစ်နေကြပါတယ်။ တစ်စုံတစ်ယောက်ကို ဖျက်ဆီးချင်တဲ့အခါ သူတို့က အဲဒီလူကို နာမည်တပ်ပြီး စွပ်စွဲကြပါတယ်။
အီရန်ဟာ နှစ်ပေါင်း ၂၀၀ အတွင်း ဘယ်နိုင်ငံကိုမှ (စတင်) တိုက်ခိုက်ခဲ့ခြင်း မရှိပါဘူး။
ကျနော် တို့လိုချင်တာက တိုက်ခိုက်ကျူးကျော်ဖို့အတွက် အင်အားမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အင်အားကိုပဲ လိုချင်တာ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment