အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မမ်ဒါနီက ပေါ့ဒ်ကတ်စ်တစ်ခုတွင် ပြောကြားရာ၌ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ တက်ရောက်ရန် နေတန်ယာဟု မကြာသေးမီက သွားရောက်ခဲ့စဉ် ၎င်းအား ဖမ်းဆီးခြင်းမပြုခဲ့ခြင်းမှာ အမေရိကန် ဖက်ဒရယ်အစိုးရ၏ ဆုံးဖြတ်ချက်** ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်းကိုလည်း ဝေဖန်ခဲ့ပြီး၊ အမေရိကန်အနေဖြင့် ထိုတရားရုံး၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သင့်သည်ဟု မိမိယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန်က နေတန်ယာဟုနှင့် ပတ်သက်၍ မေးမြန်းခံရသည့်အခါ “သူ့အကြောင်း ပြောတဲ့အခါ ပါလက်စတိုင်းပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ရာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတစ်ဦးအကြောင်းကို ပြောနေတာဖြစ်ပါတယ်” ဟု ထပ်မံပြောကြားခဲ့ပါတယ်။
မှတ်သားရမည်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဂါဇာစစ်ပွဲ နှင့် ပတ်သက်၍ စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် နေတန်ယာဟု အား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မမ်ဒါနီက ၎င်း၏အမြင်အရ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ဂါဇာတွင် ပါလက်စတိုင်းများ သတ်ဖြတ်ခံနေရမှု မရပ်တန့်သေးကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် ပြီးခဲ့သည့်အပတ်က ဘေးကင်းသည်ဟု ယူဆထားသော နေရာတစ်ခုတွင် အသက် ၁၁ နှစ်အရွယ် ပါလက်စတိုင်းကလေးတစ်ဦး သေဆုံးခဲ့မှု ကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
၎င်းက ထပ်မံပြောကြားရာတွင် ပြီးခဲ့သည့်အပတ်က နယူးယောက်မြို့တော်ဝန် ၏ တရားဝင်နေအိမ် တွင် ပါလက်စတိုင်းမိသားစုများစွာကို ဧည့်ခံခဲ့ပြီး ၊ ၎င်းတို့၏ နေအိမ်များနှင့် ဘဝများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်များကို နားထောင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
မမ်ဒါနီက ထပ်မံ၍ “ ပါလက်စတိုင်းတွေ လိုချင်တာက လူသားအားလုံး လိုချင်တဲ့အရာနဲ့ အတူတူပါပဲ။ **မိသားစု၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာပါ ” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment