အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews ၏ အစီရင်ခံစာအရ ဒေါ်နယ်လ်ထရမ့် သည် အိုဟိုင်ယိုပြည်နယ် တွင် ပြုလုပ်သည့် ရီပတ်ဘလစ်ကန်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် ၎င်း၏ ဆက်ဆံရေးကို ရည်ညွှန်းကာ -
“ကျွန်တော် ကင်ဂျုံအွန်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်သွယ်မှုရှိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နျူကလီးယားဒုံးကျည် ၁၁၂ စင်း ရှိနေတဲ့အခါ အဲဒီနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားတာက ကောင်းပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
ထို့နောက် အီရန်ကို ရည်ညွှန်း၍ ၎င်းက -
“ဒါပေမယ့် ဒီကွာခြားချက်ကို သတိပြုပါ။ အီရန်ဟာ နျူကလီးယားဒုံးကျည် ဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်ပါဘူး” ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။
ထရမ့်သည် ယခင်ကလည်း အီရန် က အဏုမြူဗုံး ရရှိသွားပါက မိမိအနေဖြင့် တီဟီရန် နှင့် လေးစားမှုရှိသော စကားလုံးများဖြင့် ပြောဆိုဆက်ဆံရမည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့သည့်လက အင်္ဂလန်နိုင်ငံ၏ ဂျီဘီနယူးစ် (GB News)ရုပ်သံကွန်ရက်နှင့် အင်တာဗျူးတွင် ၎င်းက -
“သူတို့ရဲ့ နျူကလီးယားစက်ရုံတွေကို ဗုံးကြဲဖျက်ဆီးခဲ့ခြင်း မရှိခဲ့ရင် [အီရန်မှာ အခုဆို အဏုမြူဗုံး ရှိနေပြီး] သင်တို့လူတွေက သူတို့ကို ဆက်သွယ်ပြီး ‘ဆရာ’ လို့ ခေါ်နေရမှာပါ။ ‘ဆရာ၊ ခင်ဗျားအတွက် ကျွန်တော် ဘာများ လုပ်ပေးနိုင်ပါသလဲ ဆရာ’ ဆိုပြီးပေါ့” ဟု ပြောခဲ့ပါတယ်။
ထရမ့်သည် ယနေ့တွင်လည်း အိုဟိုင်ယိုသို့ မထွက်ခွာမီ အိမ်ဖြူတော်အပြင်ဘက်၌ သတင်းထောက်များရှေ့တွင် -
“အီရန်ဟာ နျူကလီးယားလက်နက် ရရှိရေးအစီအစဉ်ကို လက်လျှော့လိုက်ပြီလို့ ပြောလို့ရပါတယ်” ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတက အီရန်နှင့် ပတ်သက်၍ မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး -
“အီရန်နဲ့ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခု ရှိပါတယ်။ ဒီကိစ္စကို လွယ်ကူတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ခက်ခဲတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်သွားရမှာပါ” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment