၄ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၇
ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပေါ်လာပါက အီရန်သည် နည်းပညာစွမ်းရည်အသစ်များဖြင့် ရန်သူကို အံ့အားသင့်စေမည် / ဗိုလ်ချုပ် အီဇဒီ

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ဒုတိယ စစ်ဦးစီးချုပ်က ကျူးကျော်တိုက်ခိုက်မှုအသစ် ဖြစ်ပေါ်လာပါက အီရန်တပ်မတော်သည် စစ်မြေပြင်တွင် အသစ်အဆန်းဖြစ်ပြီး မမျှော်လင့်ထားသော နည်းပညာစွမ်းရည်များကို အသုံးပြုသွားမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မွတ်စ်သဖွာ အီဇဒီ က ရန်သူဘက်မှ ကျူးကျော်တိုက်ခိုက်မှုအသစ် ပြုလုပ်လာပါက အီရန်တပ်မတော် သည် နည်းပညာပိုင်းဆိုင်ရာ အံ့အားသင့်ဖွယ် စွမ်းရည်အသစ်များကို အသုံးချသွားမည်ဟု ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မွတ်စ်သဖွာ အီဇဒီက ၎င်း၏ ထုတ်ပြန်ချက်တွင် အီရန်အစ္စလာမ်မစ်  ပြည်သူ့ သမ္မတနိုင်ငံ၏ တပ်မတော်များ ၊ အထူးသဖြင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် မြေပြင်၊ လေကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ရေတပ်ကဏ္ဍများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ တပ်မတော်များသည် နည်းပညာအမျိုးအစား အမျိုးမျိုးကို အသုံးပြုလျက်ရှိပြီး ထိုနည်းပညာများအနက် အချို့ကို စစ်မြေပြင်တွင် အသုံးပြုပြီးဖြစ်ကြောင်း၊ အခြားနည်းပညာများကိုမူ အနာဂတ်တွင် ဆက်လက်အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha