၇ အောက်တိုဘာ ၂၀၂၆ - ၂၂:၅၄
အီရန် လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်စီးပွားရေးကို စောင့်ကြိုနေသော “ကြောက်မက်ဖွယ် သရဲတစ္ဆေ” အကြောင်း သတိပေး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မီမ့် တစ်ခုကို မျှဝေခဲ့ပြီး “ဒါက မင်းရဲ့ဝိညာဉ်ကို နှုတ်ယူဖို့ အသင့်ဖြစ်နေပြီလား” ဟု ရေးသားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မိုဟာမက် ဘာကဲရ် ကာလီဘာဖ်  က ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့သော ၎င်း ၏ ပို့စ် ၌ “ဒီပုံထဲမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်း ၊ စားသုံးသူတွေရဲ့ ယုံကြည်မှု နဲ့ အိမ်ဝယ်ယူနိုင်စွမ်းတို့ရဲ့ ဂရပ်တွေဟာ သရဲတစ္ဆေပုံသဏ္ဍာန် ဖြစ်လာနေပြီ။ လူတွေကို ကြောက်အောင်လုပ်ဖို့ ဟယ်လိုဝင်း (Halloween) ကို စောင့်နေစရာတောင် မလိုတော့ဘူး။ စီးပွားရေးစာမျက်နှာကို ဖွင့်ကြည့်လိုက်ရုံနဲ့ လုံလောက်ပြီ!” ဟု ရေးသားထားပါတယ်။

ဤပုံထဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ အထူးအကြံပေးအသစ် ဒေးဗစ် ဇာရော့စ်  ကိုလည်း ရည်ညွှန်းထားပါတယ်။ ၎င်းက “Federal Reserve က အတိုးနှုန်းကို လျှော့ချမပေးသရွေ့ ဆံပင်ညှပ်မှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့ဖူးပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha