၇ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၇
အီရန်သမ္မတ CIS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

အစ္စလာမ့်သမ္မတနိုင်ငံ အီရန် ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် လွတ်လပ်သောနိုင်ငံများ၏ဓနသဟာယ (CIS) ထိပ်သီးအစည်းအဝေးသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 IRNA သတင်းဌာန ၏ အစီရင်ခံစာအရ  တာ့ခ်မင်နစ္စတန်နိုင်ငံ၏ သတင်းမီဒီယာများ ဖော်ပြချက်အရ CIS ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၉ ရက်နေ့တွင် တာ့ခ်မင်နစ္စတန်နိုင်ငံရှိ အာဝါဇာ  ခရီးသွားဒေသ၌ ကျင်းပသွားမည်ဖြစ်ပြီး အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ယင်းအစည်းအဝေး၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်ပါတယ်။

တာ့ခ်မင်ပေါ်တယ် ၏ ဖော်ပြချက်အရ CIS ၏ အနာဂတ်အစီအစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်များဖြင့် ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပါတယ်။

တာ့ခ်မင်နစ္စတန်စီးပွားရေးသတင်းဌာန က အစည်းအဝေးနှင့်ပတ်သက်၍ ဖော်ပြရာတွင် အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းသည် အာဝါဇာမြို့၌ ကျင်းပမည့် CIS ထိပ်သီးအစည်းအဝေးနှင့်အတူ ကက်စပီယန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံ၏ အင်တာဖက်စ် သတင်းဌာနက ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ယူရီ အူရှာကော့ဖ် ကို ကိုးကား၍ ဖော်ပြရာတွင် သမ္မတ ဗလာဒီမာ ပူတင်သည် အောက်တိုဘာလ ၈ ရက်နေ့တွင် တာ့ခ်မင်နစ္စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် အီရန်နိုင်ငံမှ သူနှင့် ရာထူးတူ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha