၁၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၃
အိုမန်ဘုရင်ထံ မွေးနေ့ဆုမွန်ကောင်း တောင်းပေး

အီရန်သမ္မတသည် အိုမန်ဘုရင်ထံ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးတိုင်ပင်မှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန ၏ အစီရင် ခံစာအရ  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် တနင်္ဂနွေနေ့ ၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အိုမန်ဘုရင်  ဟိုင်စမ် ဘင်န် သွာရီက် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

ထိုစကားပြောဆိုမှုအတွင်း အီရန်သမ္မတသည် အိုမန်ဘုရင်အား မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဘုရင်၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ယင်းတယ်လီဖုန်းဆက်သွယ်မှုအတွင်း နှစ်နိုင်ငံအကြား သံတမန်ရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် အလေးပေးပြောကြားခဲ့ပါတယ်။

အိုမန်ဘုရင် ဟိုင်စမ် ဘင်န် သွာရီက် က အီရန်သမ္မတ၏ မွေးနေ့ဆုတောင်းစကားအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မိမိ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်နှင့် ဆက်ဆံရေးများ ပိုမိုတိုးတက်လာစေရန်နှင့် နီးကပ်စွာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန်မှာ မိမိနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများတွင် ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဟိုင်စမ် ဘင်န် သွာရီက် သည် အီရန်သမ္မတဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ တီဟီရန်မြို့သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး သင့်လျော်သည့်အချိန်တွင် တီဟီရန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha