၁၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၈
ယီမင်တိုက်ပွဲများအတွင်း ပါကစ္စတန်စစ်သားများ သေဆုံး၊ ဒဏ်ရာရနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

ယီမင်နိုင်ငံအတွင်း ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့နှင့် အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ပါကစ္စတန်စစ်သား ၁၁ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရရှိပြီး ၄၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီအာရေဗျအာဏာပိုင်များ၏ ပြောကြားချက်အရ ဆော်ဒီအာရေဗျနိုင်ငံရှိ လေတပ်စခန်းများအပေါ် အန်ဆွာရိုလ္လာဟ် (ဟူသီ ) တပ်ဖွဲ့၏ နောက်ဆုံးလှိုင်းတိုက်ခိုက်မှုများနှင့် ယီမင်နိုင်ငံအနီးတစ်ဝိုက်ရှိ မြေပြင်တိုက်ပွဲများအတွင်း ပါကစ္စတန်စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကာ နောက်ထပ် ၄၇ ဦးကို ယီမင်နိုင်ငံမှ အန်ဆွာရိုလ္လာဟ် တပ်ဖွဲ့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း သိရပါတယ်။

ထို့အပြင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် ကလည်း ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားတိုက်ပွဲအတွင်း ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ဝင် ၈၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း  ၎င်းတို့အနက် ၄၇ ဦးမှာ ပါကစ္စတန်စစ်သားများဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha