၂၆ အောက်တိုဘာ ၂၀၂၆ - ၂၂:၀၁
ကွမ်းမြို့တွင် ဗိုလ်ချုပ်ကြီး ရှဟီးဒ် အီဗရာဟီးမ် မူစဝီ ၏ နံရံပန်းချီကားကို ဖွင့်လှစ်ပြသ

ဗိုလ်ချုပ်ကြီး ရှဟီးဒ် အီဗရာဟီးမ် မူစဝီ ၏ ဖခင် ကွယ်လွန်သည့်အချိန်နှင့် တိုက်ဆိုင်၍ အီရန်နိုင်ငံ ကွမ်းမြို့ရှိ ရှဟီးဒ် ဆဒူကီ အဝိုင်း တွင် ၎င်း၏ ရုပ်ပုံပါဝင်သော နံရံပန်းချီကားကို ဖွင့်လှစ်ပြသခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်သူများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရအဆိုပါ နံရံပန်းချီကားကို တပ်ဆင်ပြသခြင်းသည် နိုင်ငံ၏ လွတ်လပ်ရေး၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အသက်ပေးလှူခဲ့ကြသော ရှဟီးဒ်သူရဲကောင်းများကို ဂုဏ်ပြုအောက်မေ့ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

အီရန်နိုင်ငံ၏ အရေးပါသော ဘာသာရေးနှင့် ယဉ်ကျေးမှုဗဟိုချက်တစ်ခုဖြစ်သည့် ကွမ်းမြို့တွင် ယင်းကဲ့သို့သော နံရံပန်းချီကားများကို ပြသခြင်းသည် အစ္စလာမ်မစ်တော်လှန်ရေး၏ တန်ဖိုးများ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ခုခံကာကွယ်ရေးစိတ်ဓာတ်တို့ကို ပြည်သူများထံ ပိုမိုထိရောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါတယ်။

ထို့အပြင် အခမ်းအနားကျင်းပသည့်အချိန်သည် ရှဟီးဒ်၏ ဖခင် ကွယ်လွန်သည့်အချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် မိသားစုဝင်များအပေါ် ဂုဏ်ပြုလေးစားမှုနှင့် စိတ်ခံစားမှုဆိုင်ရာ အဓိပ္ပာယ်များ ပိုမိုထင်ရှားလာခဲ့ပါတယ်။ 

ရှဟီးဒ်များ၏ မိဘများနှင့် မိသားစုဝင်များသည် မိမိတို့၏ သားသမီးများ၏ ရည်မှန်းချက်များကို စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လတို့ဖြင့် ထောက်ခံပံ့ပိုးခဲ့ကြသူများဖြစ်သဖြင့် ၎င်းတို့ကို ဂုဏ်ပြုလေးစားခြင်းသည် လူမှုအသိုင်းအဝိုင်း၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြို့ပြအနုပညာနှင့် နံရံပန်းချီကားများသည် အမျိုးသားရေးတန်ဖိုးများ၊ လူသားဆန်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို မျိုးဆက်သစ်လူငယ်များထံ ပို့ဆောင်ပေးနိုင်သည့် ထိရောက်သော နည်းလမ်းများဖြစ်ပါတယ်။

နေ့စဉ်သွားလာရာ လမ်းများနှင့် ရင်ပြင်များတွင် ရှဟီးဒ်သူရဲကောင်းများ၏ ရုပ်ပုံများကို မြင်တွေ့ရခြင်းက ပြည်သူများအား ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးကြီးမားမှုကို ပြန်လည်စဉ်းစားစေမည်ဖြစ်ပါတယ်။

နောက်ဆုံးတွင် ကွမ်းမြို့ရှိ ပြည်သူများနှင့် အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် မြတ် သို့ လာရောက်ကြသည့် ဇေယာရသ် ပြုသူ များကဲ့သို့သော လူထုအကြား ယင်းအစီအစဉ်များအပေါ် စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြထားပါတယ်။

ထို့ကြောင့် စည်ပင်သာယာရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့အစည်းများအနေဖြင့် အလားတူ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ကာ ရှဟီးဒ်များ၏ အမည်နှင့် အမှတ်တရများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန် တိုက်တွန်းထားပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha