အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲများထံ အဓိပတိခေါင်းဆောင်၏ ပြတ်သားခိုင်မာသော အမိန့်ကို လက်ခံရရှိပြီးနောက်၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပူးတွဲစစ်ဌာနချုပ် အကြီးအကဲနှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် တပ်မှူးတို့က အီရန်ပြည်သူများထံ ပေးပို့သော သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဗစ်စမိလ္လာဟိရ် ရဟ်မာနိရ် ရဟီးမ်
၁။အဓိပတိခေါင်းဆောင်ကြီးဖြစ်သော ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ဉာဏ်ပညာပြည့်ဝပြီး အမြော်အမြင်ရှိကာ ပြတ်သားခိုင်မာသော အမိန့်တော်သည် တတိယအကြိမ် ကျူးကျော်ခံစစ်ပွဲကာလအတွင်း ၎င်း၏ တန်ဖိုးရှိသော လမ်းညွှန်ချက်များကဲ့သို့ပင် စစ်ဘက်တပ်မှူးများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံးအတွက် လမ်းပြအဖြစ် ရပ်တည်ပေးလျက်ရှိပါတယ်။
၂။အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ချစ်ခင်လေးစားရသော တပ်မှူးနှင့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်သူများအား မည်သည့်ကျူးကျော်တိုက်ခိုက်မှုမျိုး၊ မည်သည့်အတိုင်းအတာနှင့် ပုံစံမျိုးကိုမဆို အသက်စတေးရသည်အထိ ရင်ဆိုင်ခုခံသွားမည်ဖြစ်ကြောင်း အာမခံပြောကြားလိုပါတယ်။
၃။ အီရန်၏ အင်အားတောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အဓိပတိခေါင်းဆောင်ကြီးနှင့် မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်ကြီး၏ အမိန့်တော်များကို လိုက်နာကာ နိုင်ငံနှင့် ဂုဏ်သိက္ခာရှိသော အီရန်ပြည်သူများကို ကာကွယ်ရန်၊ အမေရိကန်နှင့် အစ္စရေးရန်သူများကို အင်အားပြင်းထန်စွာ၊ ပြင်းပြင်းထန်ထန်နှင့် ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်မရှိဘဲ တုံ့ပြန်တိုက်ခိုက်ရန် ခေတ်မီပြီး အဆင့်မြင့်သော လက်နက်ကိရိယာများနှင့် နည်းပညာများကို အသုံးပြုရန် အသင့်ရှိနေကြောင်း ကြေညာအပ်ပါတယ်။ ထို့အပြင် ဤအသင့်အနေအထားကို နေ့စဉ်နှင့်အမျှ ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုပါတယ်။
၄။အမေရိကန်နှင့် အစ္စရေးရန်သူများအနေဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ နိုင်ငံနှင့် ပြည်သူများအပေါ် ထပ်မံကျူးကျော်တိုက်ခိုက်လာပါက ယခင်စစ်ပွဲထက် ပိုမိုပြင်းထန်ပြီး ထိရောက်မှုရှိသည့်အပြင် စိတ်ကူးမယဉ်နိုင်လောက်အောင် ထူးခြားပြင်းထန်သော တုံ့ပြန်မှုအသစ်တစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိထားရမည်။ စစ်ပွဲ၏ အဆုံးသတ်ကို မည်သည့်အချိန်တွင် ရောက်ရှိမည်ဆိုသည်ကို ကျွန်ုပ်တို့ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး၊ သင်တို့၏ အဆုံးသတ်နှင့်အတူ စစ်ပွဲကို အဆုံးသတ်သတ်မှတ်သွားမည်ဖြစ်ပါတယ်။
၅။အလ္လာဟ်ဟို အရှင်မြတ်သခင်၏ ကူညီစောင်မမှုနှင့် ဂုဏ်သိက္ခာရှိပြီး မျိုးချစ်စိတ်ပြင်းထန်သော အီရန်ပြည်သူများ၏ အပြည့်အဝထောက်ခံမှုဖြင့် ဂုဏ်ယူဖွယ်ရာ လက်နက်ကိုင်တပ်ဖွဲ့များသည် ယခင်ကထက် ပိုမိုကျယ်ပြန့်သော ပထဝီဝင်ဒေသများအတွင်းရှိ ရန်သူ၏ ပစ်မှတ်များနှင့် ပိုင်ဆိုင်မှုများဆိုင်ရာ စာရင်းအသစ်တစ်ခုကို စစ်ဆင်ရေးအစီအစဉ်တွင် ထည့်သွင်းထားပြီး ရန်သူများအား စစ်မြေပြင်တွင် မမျှော်လင့်ထားသော လုပ်ဆောင်ချက်အသစ်များဖြင့် အံ့အားသင့်စေမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment