၇ နိုဝင်ဘာ ၂၀၂၆ - ၁၇:၀၃
ကရ်ဗလာရှိ အေမာမ်ဟိုစိုင်းန် (အ.စ) ဆေးဘက်ဆိုင်ရာဌာနတွင် ဆေးစစ်ဆေးမှု၊ ကုသမှုနှင့် ခွဲစိတ်စရိတ်များကို အီရတ်ငွေ  ၆,၀၀၀ သာ သတ်မှတ်

အီရတ်နိုင်ငံ ကရ်ဗလာမြို့ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) ရင်ပြင်တော်အုပ်ချုပ်ရေးအောက်မှ ဆေးဘက်ဆိုင်ရာဌာနတွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ကိုယ်စားလှယ်၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် ဆေးစစ်ဆေးခ၊ လိုအပ်သော ဆေးစမ်းသပ်မှုများနှင့် အသေးစား၊ အကြီးစား ခွဲစိတ်ကုသမှုစရိတ်များအပါအဝင် ကုသမှုဆိုင်ရာ အခကြေးငွေကို အီရတ်ငွေ ၆,၀၀၀ သာ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါအကျိုးခံစားခွင့်ကို အီရတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ခံစားနိုင်မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အရေးကြီးပြီး အမြဲတမ်းအကျိုးသက်ရောက်မည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ၏ ကိုယ်စားလှယ်၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ကရ်ဗလဟ် မြို့ရှိ အေမာမ် ဟိုစိုင်းန်  (အ.စ) ၏ ရင်ပြင်တော်အုပ်ချုပ်ရေးအောက်တွင် ဖွင့်လှစ်ထားသောအေမာမ် ဟိုစိုင်းန် (အ.စ) ဆေးဘက်ဆိုင်ရာဌာနတွင် ဆရာဝန်နှင့် ဆေးစစ်ဆေးခအဖြစ် အီရတ်ငွေ ( ဒီနာ)  ၆,၀၀၀ (မြန်မာ ပိုက်ဆံ ၈,၃၁၆ ကျပ်ခန့် ) သာ သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ယခုလျှော့ဈေးခံစားခွင့်တွင် ဆရာဝန်နှင့် ဆေးစစ်ဆေးခြင်းအပြင် လိုအပ်သော ဆေးစမ်းသပ်မှုများနှင့် ခွဲစိတ်ကုသမှုစရိတ်များလည်း ပါဝင်သည်။ ခွဲစိတ်မှုသည် အသေးစားဖြစ်စေ၊ အကြီးစားဖြစ်စေ အကျုံးဝင်မည်ဖြစ်ပါတယ်။

အဆိုပါဝန်ဆောင်မှုကို အထူးကုဌာန ငါးခုတွင် ပေးအပ်သွားမည်ဖြစ်ပါတယ်။

၁။ အထွေထွေရောဂါကုဌာန
၂။ အထွေထွေခွဲစိတ်ကုသမှုဌာန
၃။ ဆီးနှင့်ဆီးလမ်းကြောင်းရောဂါကုဌာန
၄။ ကလေးရောဂါကုဌာန
၅။ သားဖွားမီးယပ် နှင့် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေးဌာန တို့ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းများ မြင့်တက်နေပြီး ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့် ယခုကာလတွင်ပင် ပြည်သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှု၊ ကုသမှုနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ ကုန်ကျစရိတ်အားလုံးအတွက် အီရတ်ငွေ  ၆,၀၀၀ သာ ပေးဆောင်ရမည်ဖြစ်ပါတယ်။ 

ဤသည်မှာ ဘာသာရေးအမြင့်ဆုံးခေါင်းဆောင်ပိုင်းက ပြည်သူများအတွက် ဆေးကုသမှုဝန်ဆောင်မှုများကို အလွန်သက်သာသော သင်္ကေတသဘောဆောင်သည့် အခကြေးငွေဖြင့် ရရှိနိုင်ရန် စီစဉ်ပေးခဲ့သည့် မင်္ဂလာရှိသော လုပ်ဆောင်ချက်တစ်ရပ်ပင်ဖြစ်ပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းမှ တောင်ပိုင်းအထိ ပြည်နယ်အသီးသီးရှိ ပြည်သူများအားလုံး ဤဝန်ဆောင်မှုကို လာရောက်အသုံးပြု၍ အကျိုးခံစားခွင့်ရှိကြပါတယ်။

သံသယဖြစ်ဖွယ်မရှိဘဲ ဤလုပ်ဆောင်ချက်သည် ပြည်သူများ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်စေသည့် မင်္ဂလာရှိသော အမှုတော်ဆောင်မှုတစ်ရပ်ဖြစ်ပြီးအေမာမ် ဇမာန်း (အ.ဂျ) ၏ မင်္ဂလာရှိသော နှလုံးတော်ကိုလည်း ဝမ်းမြောက်စေမည့် လုပ်ရပ်တစ်ခုပင်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha