အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ မြေပြင်တပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် အန်ဆွာရိုရ်ရစူလ် ကွန်မန်ဒိုတပ်မဟာမှ တပ်ဖွဲ့ဝင်များသည် အနောက်ပိုင်းနယ်စပ်ဒေသများ၌ အကြမ်းဖက်အဖွဲ့အစည်း ပေဂျက်ကို ပစ်မှတ်ထား၍ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း ဖော်ပြထာပါတယ်။
ကြေညာချက်အရ ပေဂျက်အဖွဲ့နှင့် ဆက်နွှယ်နေသော အုပ်စုတစ်စုသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့ပါတယ်။
အဆိုပါအုပ်စု၏ လှုပ်ရှားမှုများကို ထောက်လှမ်းရေးအဖွဲ့က စောင့်ကြည့်လျက်ရှိခဲ့ပြီးနောက် အန်ဆွာရိုရ်ရစူလ်တပ်မဟာမှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ၎င်းအုပ်စုကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် အဆိုပါစစ်ဆင်ရေးအတွင်း အုပ်စုထံမှ လက်နက်များ၊ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိကာ သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာချက်တွင် ထပ်မံဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment