အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ ဦးဆောင်အေမာမ်များဆိုင်ရာ မူဝါဒရေးဆွဲရေးကောင်စီ ဥက္ကဋ္ဌ ဟွဂျ်ဂျသိုလ်အစ္စလာမ် အလ်ဟာဂျ် အလီ အဲက္က်ဘရီ က ဗလီများကို အုပ်ချုပ်ရေးစနစ်၏ အဓိကဗဟိုချက်အဖြစ် သတ်မှတ်ဖော်ဆောင်ရေး လှုပ်ရှားမှုအတွက် အစိုးရ၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့အစည်း ဘစီဂျ်နှင့် ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် လမ်းစပွင့်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ ဦးဆောင်အေမာမ်များဆိုင်ရာ မူဝါဒရေးဆွဲရေးကောင်စီ ဥက္ကဋ္ဌ H.I အလီအဲက္က်ဘရီက “ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ဗလီများမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ဗလီသည် ပြည်သူလူထုအခြေပြု ဒေသန္တရအုပ်ချုပ်ရေးစနစ်၏ ဗဟိုချက်ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။
ထို့ပြင် အစ္စလာမ်မစ်တော်လှန်ရေး အောင်မြင်စတင်ခဲ့သည့် ကနဦးနှစ်များအတွင်း ဗလီများနှင့် ၎င်းတို့၏ ဗဟိုအခန်းကဏ္ဍတို့နှင့်ပတ်သက်၍ အရေးပါသော အတွေ့အကြုံများစွာ ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ဗလီများကို ဗဟိုချက်အဖြစ်ထားရှိခဲ့ခြင်းကြောင့် အစ္စလာမ်မစ်တော်လှန်ရေး၏ အံ့ဖွယ်ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာကလည်း ယင်းတော်လှန်ရေးကို “ဗလီများ၏ တော်လှန်ရေး” ဟု အမည်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန်နိုင်ငံ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ ဦးဆောင်အေမာမ်များဆိုင်ရာ မူဝါဒရေးဆွဲရေးကောင်စီ ဥက္ကဋ္ဌ H.I အလီအဲက္က်ဘရီ သည် လမ်းမများပေါ်တွင် အီရန်ပြည်သူများ ညအချိန်၌ စုဝေးမှုများ ပြုလုပ်နေကြခြင်းကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပြီး ယင်းစုဝေးမှုများသည် တုနှိုင်းမရအောင် ထူးခြားသည့် ဖြစ်စဉ်များဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment