၂၄ မေ ၂၀၁၂ - ၁၉:၃၀

တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည် မိမိ၏အပေါင်းအပါး သာဝကတော်တချို့ဖြင့် မစ်ဂျစ်ဒ် တွင်ထိုင်နေတော်မူ၏။ ပြီးနောက်စကား ဆိုနေလေသည်။ ကိုယ်တော်(ဆွ)၏ သာဝကတော်များမှ တစ်ပါးဖြစ်သည် ဟဇရတ် စလ်မန်းဖွာရစီ(ရ.ဟ) သည်မစ်ဂျစ်ဒ် တွင်း သို့ဝင်လာလေသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာနအဗ်နာ  မှ MSM SITE မှတဆင့် အောက်ပါအတိုင်းတိုက်ရိုက်ကူးယူဖော်လိုက်ပါသည်။

မြင့်မြတ်မှု အစစ်အမှန် ဆိုတာ !!!

တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည် မိမိ၏အပေါင်းအပါး သာဝကတော်တချို့ဖြင့် မစ်ဂျစ်ဒ် တွင်ထိုင်နေတော်မူ၏။

ပြီးနောက်စကား ဆိုနေလေသည်။

 ကိုယ်တော်(ဆွ)၏ သာဝကတော်များမှ တစ်ပါးဖြစ်သည် ဟဇရတ် စလ်မန်းဖွာရစီ(ရ.ဟ) သည်မစ်ဂျစ်ဒ် တွင်း သို့ဝင်လာလေသည်။

တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ) သခင်သည်ဝမ်းသာကြည်နူးစွာဆက်ဆံပြီး မိမိဘေး၌ထိုင်စေ

လေ၏။

ဤတမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)သခင်၏ဂရုဏာသက်သည်အပြုအမှုကြောင့်ကိုယ်တော် (ဆွ)၏

သာဝကတော်များမှ တစ်ပါးဖြစ်သည် စိတ်ဆိုးသွားကာပြောလေ၏။

((စလ်မန်း (ရ.ဟ)  သည်ဖွာရ်စ်(အီရန်)လူမျိုး မှဖြစ်ပါသည်၊ကျွန်ုပ်တို့သည် အာရပ် လူမျိုး ဖြစ်ပေသည်။

သူ(စလ်မန်း) သည် ကျွန်တော်တို့  အုပ်စုအတွင်း ကျွန်တော်တို့ထက်  အမြင့် နေရာတွင် မထိုင်သင့်ချေ။

နှိမ့်သည်နေရာ၌ ထိုင်ကို ထိုင်သင့် ပေသည်။))

တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)သခင် သည်  ၎င်း၏ စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်

သွားလေသည်။