စာသင်နှစ် အသစ် စတင် မဒဲရ်စေယေ အစ္စလာမ်မီ အလ်မဟ်ဒီယေ ၊ ထိုင်း |
|
အပြည်ပြည်ဆိုင်ရာ ။ ။ ထိုင်းနိုင်ငံ ၊ ဗန်ကောက် မြို့ ရှိ အမျိုးသမီးများ ကျောင်း မဒဲရ်စေယေ အစ္စလာမ်မီ အလ်မဟ်ဒီယေ ယခုနှစ်အတွက် စာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ တွင်စ တင်ခဲ့ပါသည်။
အရှေ့နှင့်အရှေ့တောင်အာရှ ဆိုင်ရာ အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်းဌာန မှ တင်ပြသည်မှာ -
ယခုနှစ်အတွက် စာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ဖွင့်ပွဲ အစီအစဉ် အား ဟွဂ်ျသွလ်အစ္စ လာမ်ဝလ်မွတ်စလေမီးအာဂါယေခါလစ်က်ပူရ်၊( ထိုင်း ၊မြန်မာဆိုင်ရာဂျမေအာသွလ်မွစ် သဖွာ(ဆွ)အလ် အာလေမီးယေ ကိုယ်စားလှယ် ) နှင့် ဆရာများ၊ ကျောင်းသူများ တက် ရောက်ပြီး ကျင်းပ ခဲ့ပါသည်။
ဤ စာသင်နှစ် အစီအစဉ် တွင် ပထမဦးစွာ ကျမ်းတော်မြတ် ကုရ်အာန် အား ဖတ်ရွတ် ခဲ့ပြီး ၊ ခါနွမ်မေ ဗရှ်ရာ (မဒဲရ်စေယေ အစ္စလာမ်မီ အလ်မဟ်ဒီယေ၊ကျောင်းအုပ်) ကြွရောက်လာ ကြသည့် ဧည့် သည်တော်များ အားကြိုဆိုကြောင်း၊ ကျောင်း၏အစီအစဉ်များ ၊လှုပ်ရှား မှု များ စသည်ဖြင့် ဟောပြောခဲ့ပါသည်။
ဆက်လက်ပြီး ဟွဂ်ျသွလ်အစ္စ လာမ်ဝလ်မွတ်စလေမီးအာဂါယေခါလစ်က်ပူရ်၊( ထိုင်း ၊မြန်မာဆိုင်ရာဂျမေအာသွလ်မွစ် သဖွာ(ဆွ)အလ်အာလေမီးယေ ကိုယ်စားလှယ် )မှလည်း အရေးကြီးအကြောင်းအရာ များကို ဟောကြားတင်ပြခဲ့ပါသည်။
အမျိုးသမီးများ ကျောင်း မဒဲရ်စေယေ အစ္စလာမ်မီ အလ်မဟ်ဒီယေ ၏သက်တမ်း မှ ၉ နှစ်ရှိပြီး ဖြစ်ပြီး ဂျမေအာသွလ်မွစ် သဖွာ(ဆွ)အလ်အာလေမီးယေ လက်အောက်ရှိ ကျောင်းခွဲ တစ်ခု ဖြစ်ပါသည်။ |
၂၆ မေ ၂၀၁၂ - ၁၉:၃၀
News ID: 317911
အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ အနေဖြင့် စာသင်နှစ် အသစ် စတင် မဒဲရ်စေယေ အစ္စလာမ်မီ အလ်မဟ်ဒီယေ ၊ ထိုင်း နှင့်စပ်လျဉ်းပြီးအီးက်နာ သတင်းဌာန မှ တဆင့် ကူး ယူဖော်ပြအပ်ပါသည်။