၃၀ မေ ၂၀၁၂ - ၁၉:၃၀

နိုင်ဂျေရေယာ မှ ရှီအာ အာလင်မ်တစ်ပါး လုပ်ကြံခံရ မှုနှင့်ပတ်သက်ပြီး အဗ်နာ သတင်းဌာနမှ အောက်ပါအတိုင်း အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်းဌာန - အီရန်မှ တဆင့် အောက်ပါအတိုင်းဖော်ပြထား ပါသည်။

နိုင်ဂျေရေယာ မှ ရှီအာ အာလင်မ်တစ်ပါး လုပ်ကြံခံရ မှုနှင့်ပတ်သက်ပြီး အဗ်နာ သတင်းဌာနမှ အောက်ပါအတိုင်း အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်းဌာန - အီရန်မှ တဆင့် အောက်ပါအတိုင်းဖော်ပြထားပါသည်။အာဖရိကတိုက်ဆိုင်ရာ အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ် ကုရ်အာန် သတင်းဌာန မှ တင်ပြသည်မှာ  ရှိက်ခ်အီဗရာဟင်းမ် ယအ်ကူးဗ် ဇက်ဇကီ ဟရ်ကသ်သေ အစ္စလာမ်မီပြည်ထောင်စု  နိုင်ဂျေရေယာ ဥက္ကဋ္ဌ မှ မေလ ၂၈ ရက်နေ့ တွင် ဇာရီယာ မြို့ ရှိ ဗကီးယာသွလ်လ္လာဟ် အေမာမ်ဘာရာ အတွင်း ရှီအာ အာလင်မ် အား လုပ်ကြံခံမှု အပေါ် အပြင်းအထန်  ပြစ်တင်ရှုံ့ချခဲ့ပေသည်။ရှိက်ခ်အီဗရာဟင်းမ် ယအ်ကူးဗ် ဇက်ဇကီ ဟရ်ကသ်သေ အစ္စလာမ်မီပြည်ထောင်စု  နိုင်ဂျေရေယာ ဥက္ကဋ္ဌ မှ ဖာသက်စကမ် မြို့ရှိ ဟရ်ကသ်သေ အစ္စလာမ်မီ ဗဟိုဌာနတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အတွက်ပြစ်တင်ရှုံ့ချခဲ့ပေသည်။၎င်းတိုက်ခိုက်မှု တွင် ဟရ်ကသ်သေ အစ္စလာမ်မီမှ ၃ ဦး ရှဟီးဒ်ဖြစ်ခဲ့ပြီး အမြောက်အများ ဒဏ်ရာ ရခဲ့ပေသည်။ရှိက်ခ်အီဗရာဟင်းမ် ယအ်ကူးဗ် ဇက်ဇကီအနေဖြင့် ထုတ်ဖော် ပြောပြသည်မှာ - လက်နက်ကိုင် (လူမဆန်သူများ)အနေဖြင့် ရှိက်ခ် မွစ်သဖွာ ၊ ဖာသက်စကမ် မြို့ရှိ ဟရ်ကသ်သေ အစ္စလာမ်မီ      ကိုယ်စားလှယ် အား လုပ်ကြံဖို့ ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။ရှိက်ခ်အီဗရာဟင်းမ် ယအ်ကူးဗ် ဇက်ဇကီအနေဖြင့် ဆက်လက်ပြီး - ဒဏ်ရာရရှိသူများအတွက် ဒိုအာများ တောင်းပေးဖို့မမေ့ ရန် လူထု ထံ မှ တောင်းဆို မေတ္တာရပ်ခံ ခဲ့လေသည်။