အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြောကြားချက်အရ အမေရိကန်ဒရုန်းကို ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်ပိုင်း တွင် ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု အသုံးပြု၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်က အမေရိကန်၏ ခေတ်မီ MQ-1 ဒရုန်းတစ်စင်းကို ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်ပိုင်း ကောင်းကင်ယံတွင် ကြားဖြတ်တားဆီးကာ ပစ်ချဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် အီရန်နိုင်ငံ၏ ပေါင်းစပ်လေကြောင်းရန်ကာကွယ်ရေးကွန်ရက် အောက်တွင် လည်ပတ်နေသော ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်အသစ် တစ်ခုသည် ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်ဒေသတွင် အဆိုပါဒရုန်းကို ကြားဖြတ်တားဆီးပြီး ပစ်ချဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment