၃၀ မေ ၂၀၁၂ - ၁၉:၃၀

ZARRIN ရေးသား ထားသည့် စံနမူနာယူထိုက်သောအမျိုးသမီးများ (ဟဇရသ် အာဆီယဟ် သခင်မ)ပို့စ်အားအဗ်နာ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီး တိုက်ရိုက်ကူးယူတင်ပြအပ်ပါသည်။

သီလသမာဓိနှင့်ပြည့်စုံသော၊ သည်းခံခြင်းအပေါင်းနှင့် ပြည့် နှက်သော စံနမူနာရှိသော အမျိုးသမီးများမှ တစ်ဦးမှာ ဟဇ ရသ် အာဆီယဟ် သခင်မ ဖြစ်ပါသည်။ သခင်မသည် မဇာဟီမ်၏ သမီး တော်နှင့် ဖီရ်အောင်(န်)၏ ဇနီး ဖြစ်သည်။သခင်မသည် လောကရှိ ရှိရှိသမျှ သော လှပမှုများ၊ ကြွယ်ဝချမ်းသားမှုများဖြင့် နေ ထိုင်ခဲ့ရသော်လည်း မည်သည့်အခါမှ မိမိ၏ စိတ်အလိုကို မ လိုက်ခဲ့ဘဲ ပြည့်ဝသော အီမာန်များဖြင့် ဟဇရသ် မူဆာ(အ.စ)၏ ရ ပိုင်ခွင့်များနှင့် ပတ်သက်၍ ခုခံကာကွယ်ခဲ့သူဖြစ်သည်။ အာ ဆီယဟ် သခင်မသည် ဟဇရသ်မူဆာ(အ.စ)အား ငယ်စဉ်တောင်ကျေး က လေးဘဝ အရွယ် ကတည်းက ရေထဲမှ ဆယ်ယူ၍ မိခင်တစ်ဦးထက် ပိုလွန်သော မေတ္တာများဖြင့် ပြုစုဆောင့်ရှောက်ခဲ့သူ ဖြစ်သော ကြောင့် ဟဇရသ် မူဆာ(အ.စ)အား မည်သည့်အခါမျှ ဒုက္ခမ ရောက်စေခဲ့ပေ။ဟက်(ဇ်)ဘီး(လ်)၏ ဇနီးသည်နှင့် ကလေး များ အတွက် ဖြစ်ပေါ်ခဲ့ သော အဖြစ်အပျက်ဖြင့် အလ္လာဟ်အသျှင်မြတ်သည် ဤသခင်မ၏ အီ မာန်သက်ဝင်ယုံကြည်မှု ကို ပိုမိုခိုင်မာလာစေခဲ့သည်။ထိုအ ဖြစ်အပျက်များ ပြီးဆုံးသွားချိန်တွင် သခင်မသည် ကျင့်ကြံမှုများ သာ ပြုလုပ်နေခဲ့လေသည်။ ထိုအ ခြေအနေ များအား ဖီရ်အောင်(န်)မြင်တွေ့သွားချိန်တွင် သခင်မသည် တိတ်ဆိတ်မှုများကို ဖြိုခွင်းလိုက်ပြီး ဖီရ်အောင်(န်)၏ ရှေ့ တွင် မားမားမက်မက် ရပ်တည် ကာ ပြောကြားသည်မှာ “အို ဖီရ်အောင်(န်) မည်သည့်အချိန်ထိ ဤမိုက်မဲမှုတွင် နစ်မျော နေဦးမည်နည်း၊ အလ္လာဟ်အသျှင်မြတ် ၏ အပြစ်မဲ့သော အဖန်ဆင်းခံများကို မီးပုံထဲတွင် ပစ်ချမလို့လား။ ထိုအခါ ဖီရ်အောင်(န်)မှ ပြော ကြားသည်မှာ ဘာလဲ အသင်လည်း ငါဘုရားသခင် ဖြစ်ကြောင်းကို သံသယ ဖြစ်နေသည် လော။ ထိုအခါ ကျွန်ုပ် အသင်ဘုရားသခင်ဖြစ်ခြင်းအပေါ် ယုံကြည်ချက်ရှိခဲ့လို့ လားဟု ဖြေကြား လေသည်။ ကျွန်ုပ် မူဆာအား နိုင်းမြစ်မှ ဆယ်ယူ ရရှိသည့် နေ့မှစ၍ သူ၏ တမန်တော်ဖြစ်ခြင်းအပေါ် လက်ခံယုံ ကြည်ပြီး ဖြစ်သည်။ ဖီရ်အောင်(န်)သည် အစပိုင်းတွင် ချိုသာစွာ ဖြင့် ပြောဆိုဆက် ဆံခဲ့သော်လည်း မည်သည့်ထူးခြားချက်မှ မရှိသည်ကို တွေ့မြင်လာ သည့် နောက်ဆုံးတွင် ပြင်းထန်စွာ အော်ဟစ်၍ ပြောကြားသည်မှာ အို အာဆီယဟ် အသင့်အား မည်သူ တစ်ဦး တစ် ယောက်ကိုမျှ မ သတ်ဘူးသေးသည့် ပုံစံဖြင့် သတ် ဖြတ်မည် ဖြစ်သည်။ ထို့နောက် အာဆီယဟ်သခင်မ၏ မိခင်အား ခေါ်၍ ပြော ကြားသည်မှာ အသင်၏သမီးသည် ဟက်(ဇ်)ဘီး(လ်)၏ ဇနီးသည်ကဲ့ သို့ ရူးသွပ်နေပြီဖြစ် သည်၊သူမ မလွဲမသွေ မူဆာ၏ ဘုရားသခင် အပေါ် ဆန့်ကျင်လျှင် ဆန့်ကျင် သို့မဟုတ်လျှင် သူ့ အား သတ်ဖြတ် ရန် အမိန့် ပေးမည် ဖြစ်သည်။ အာဆီယဟ်သခင်မ၏ မိခင်သည် မိမိ၏ သမီးအား နေရာတစ်နေရာသို့ ခေါ်သွား၍ ဖီရ်အောင်(န်)၏ ပြောကြားချက်များကို လက်ခံရန် တိုက်တွန်းလေသည်။ ထိုအခါ အာ ဆီယဟ်သခင်မမှ ပြောကြားသည်မှာ “မည်သည့် အခါမျှ မူဆာ၏ ဘုရားသခင် အပေါ်ထားရှိသည့် ယုံကြည်ချက်အားဆန့်ကျင်မည် မဟုတ်ပါ။ ထိုအခါ ဖီရ်အောင်(န်)သည် လူထု ကို စုဝေးစေလေပြီး အာဆီယဟ်အား မြေပြင်ပေါ်တွင် အိပ်စက်စေ၍ လက်နှင့် ခြေထောက် များအား သံ များဖြင့် ရိုက်နှက်စေသည်၊ ရင်ဘက်ပေါ်တွင်လည်း အ လွန်လေးလံသော ကျောက်တုံးကို တင်ထားစေလေသည်။အာဆီယဟ် သခင်မသည် ထိုကဲ့သို့ အနှိပ်စက်ခံနေရသည့်တိုင် နှုတ်ဖျား မှ အလ္လာဟ်၊ အလ္လာဟ်ဟု ပြောဆိုနေပြီး အ လ္လာဟ်အသျှင်မြတ်ထံ မှ တောင်းခံမှုများ ပြု လုပ်နေသည်မှာ အိုအလ္လာဟ်အသျှင်မြတ် ကျွန်တော်မျိုးမအား အသင်၏ အနီးတွင် အိမ်တစ်လုံး ပေးသနား တော်မူပါ၊ ထို့နောက် ဖီရ်အောင်(န်)နှင့် ၎င်း၏ လုပ်ရပ်များမှ လွတ်မြောက်မှု ပေး သနားတော်မူပါ၊ ညှင်းပန်းနှိပ်စက်သူများ၏ လက်မှလည်း လွတ်မြောက်မှု ပေးသနားတော်မူပါ။ ထိုအချိန် တွင် အ လ္လာဟ်အသျှင်မြတ်သည် အာဆီယဟ်သခင်မအား ၄င်းနေထိုင်ရ မည့် နေရာကို ပြသတော်မူလေသည်။ ထိုအခါ အာဆီ ယဟ်သခင်မ အလွန်ပျော်ရွှင်သွားပြီး ရယ်မောလေသည်။ ဖီရ် အောင်(န်)အလွန် အံ့အားသင့်သွားပြီး ငါ၏မိန်းမ ရူး သွပ်သွားပြီ၊ ဒီလောက် အနှိပ်စက်ခံနေရတာတောင်မှရယ်မောနေသည်ဟုပြောကြားသည်။ထို အခါ အာဆီယဟ်သခင်မမှ ငါမရူး သေးဘူး၊ ယခု ဂျန္နသ်သုခဘုံတွင် နေထိုင်ရမည့် နေရာအား တွေ့မြင်လိုက်ရပြီ ဖြစ်သည်ဟု ပြောပြီး သည်နှင့် အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်ကို ခံယူသွားလေ သည်။ဆောင်းပါး ပို့လိုလျှင် abnamyanmar@gmail.com သ