၁ ဇွန် ၂၀၁၂ - ၁၉:၃၀

မရ်ဟွမ် ဆရာဦးဖိုးလေး - တောင်ကြီး - ရေးသား သီးကုံး ထားသည့် “ကုသိုလ်လည်းရ၀မ်းလည်းဝ” အမလ်ကျင့်စဉ် - ဒုတိယပိုင်း စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များအဗ်နာ မှ မျှော်လင့်ပြီး တင်ပြအပ်ပါသည်။

၇၈၆ဘိစ်မိလ္လာဟေရ်ရဟ်မာနေရ်ရဟီးမ်း                       ယာအလီမဒဒ်“ကုသိုလ်လည်းရ၀မ်းလည်းဝ”၊အမလ်ကျင့်စဉ် - ဒုတိယပိုင်း တပတ်အတွင်းနေ့စဉ်အမလ်။ မိမိကြိုက်နှစ်သက်သည့်နေ့စ၍အမလ်လုပ်ပါ။နံနက်တိုင်းဖွဂျရ်နမာဇ်ပြီးလျှင်၊ ဂျာနမာဇ်ပေါ်မှာပဲထိုင်၍အမလ်လုပ်ပါ။ဖော်ပြပါနေ့ရက်ဖတ်ရမည့်အကြိမ်ရေမှာအောက်ပါအတိုင်းဖြစ်သည်။အမလ်လုပ်တိုင်း- “ဘိစ်မိလ္လါ” စ/ဆုံး “စလ၀ါသ်” - မမေ့နှင့် လိုရာကိုလည်းဒိုအာပြုပါ။၁။   စနေနေ့နံနက်  (ယာ ဂနီးယို”) အကြိမ်ပေါင်း (၁၀၆၀) = စီးပွားလါဘ်လာဘတိုးပွားရန်အဓိပ္ပါယ် ဖြစ်သည်။  ၂။ တနင်္ဂနွေနေ့နံနက် (ယာဖှတ်တါဟို”) အကြိမ်ပေါင်း (၄၈၉) = ရန်နှင့်တကွမိမိကိစ္စအောင်မြင်ရန် အဓိ ပ္ပါယ်ဖြစ်သည်။၃။ တနလာင်္နေ့နံနက် (ယာ လသီဖ်”) အကြိမ်ပေါင်း (၁၂၉) = ကောင်းခြင်းမင်္ဂလာပြည့်စုံရန်အဓိပ္ပါယ် ဖြစ်သည်။၎။ အဂါင်္နေ့နံနက် (“ယါကါးဘေဇို”) အကြိမ်ပေါင်း (၉၀၃) = လိုရာကိစ္စအ၀၀ပြည့်စုံရန်အဓိပ္ပါယ်ဖြစ်သည်။၅။ ဗုဒ္ဓဟူးနေ့နံနက် (“ယါမိုတအားလို”) အကြိမ်ပေါင်း (၅၄၁) = ဂုဏ်သိက္ခာမညှိုးနွမ်းရန်အဓိပ္ပါယ်ဖြစ် သည်။၆။ ကြသပတေးနေ့နံနက် (“ယါရားဇေကို”) အကြိမ်ပေါင်း (၃၀၈) = စားနပ်ရိက္ခာပေါကြွယ်ဝရန်အဓိပ္ပါယ် ဖြစ်သည်။၇။သောကြာနေ့နံနက်(“ယါနူးရို”)အကြိမ်ပေါင်း(၂၅၆)=အလ္လာဟ်ရောင်ခြည်           (မျက်စိအလင်းရောင်ကောင်းရန်)အဓိပ္ပါယ်ဖြစ်သည်။“အမလ်”ကျင့်စဉ် ဒုတိယနည်း။   အထက်ပါနည်းအတိုင်း နံနက်ဖွဂျရ်ပြီး အကြိမ်ပေါင်း (၁၀၀၀) အမလ်လုပ်ရမည်။ ၄င်းနောက် တစ်ပတ်၊ နှစ်ပတ်ကြာ မြင့်လာလျှင်၊အောက်ဆုံးဖော်ပြပါ ဒိုအာကို အာရဗီ (သို့မဟုတ်) မြန်မာလိုရေးသား၍ မိမိ လိုရင်းကိစ္စ၊ဒိုအာတောင်း၍ မြစ်၊ ချောင်းအတွင်းရေမျှောပါ။ (အင်ရှာအလ္လာ) စက္ကူအဖြူသန့်သန့် အ ပေါ် ရေးပါ။