၃ ဇွန် ၂၀၁၂ - ၁၉:၃၀

(၁၄၈၆)ကြိမ်မြောက်တမန်တော်နေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဝန်ကြီးချူပ်တို့တက်ရောက်ကြောင်း mmsy ၏ မေလ ၂၂ နေ့ ထုတ် သတင်း မှ အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာအနေဖြင့် တိုက်ရိုက် ကူးယူဖော်ပြသည်။

(၁၄၈၆) ကြိမ်မြောက် တမန်တော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်၌် ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး (၁၄၈၆) ကြိမ်မြောက် တမန်တော်နေ့ အခမ်အနားကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ဟာဂျီ ဗိုလ်မှူးတင်မောင် (ငြိမ်း) က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က အမှာစကားပြောကြားပြီး တမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီ ဦးစီးနာယကနှင့် တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေက ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ၂၂-၅-၂၀၁၂ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ မှ ကူးယူဖော်ပြသည်။