၇ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

နီမေယေရှအ်ဗန်ဂျရှ်န်အခမ်းအနားကျင်းပ ၊အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ။ ။ အင်ဒိုနီးရှားနိုင်ငံ ၊ဖကာလိုန်ဂန်ရှိဟောင်ဇေအေလ်မီးယေ (အလ်ဟိုဒါ) ၏ကြိုးပမ်းမှုဖြင့်အေမာမ်ဇမန်း(န)(အ.ဂျ)၏မွေးနေ့အထိမ်းအမှတ်ဖြင့် ဇူလိုင်လ ၄ရက်နေ့တွင်နီမေယေရှအ်ဗန် ဂျရှ်န်အခမ်းအနားအားကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။အရှေ့နှင့်အရှ့တောင်အာရှဆိုင်ရာ အီးက်နာအပြည်ပြည်ဆိုင်ရာကျမ်းတော်မြတ်ကုရ်အာန်သတင်းဌာန အီရန် ။ ။  ဤနီမေယေရှအ်ဗန်ဂျရှ်န်အခမ်းအနားအားပထမဦးစွာကျမ်းတော်မြတ်ကုရ်အာန်ဖတ်ရွတ်မှု ဖြင့်စတင်ခဲ့ပါသည်။  ပြီးနောက် အေမာမ်မေဇမန်း(န)(အ.ဂျ)၏ဂိုက်ဗာသ် နှင့် အေမာမ်(အ.စ) အားစောင့်မျှော်သူများ၏တာဝန်ဝတ္တရားများအမည်ဖြင့်တရားဓမ္မဟောကြားခဲ့ပါသည်။ ပြီးနောက်အခြားအစီအစဉ်များကိုလည်းကျင့်ပခဲ့ပါသည်။  ဤနီမေယေရှအ်ဗန် ဂျရှ်န်အခမ်းအနားအားအားမာန်အပြည့်ဖြင့်ရှီအာကျောင်းသားများ ၊ရပ်နီး၊ရပ်ဝေးမှ ဒေသခံရှီအာများတက်ရောက်အားပေးခဲ့ကြပါသည်။  အခမ်းအနားအဆုံးတွင်ထူးချွန်သည်ကျောင်းသားများကို အထူးသီးသန့်ဆုများချီးမြှင့်ခဲ့ပါသည်။  မှတ်သားစရာအချက်မှာဤ ဖကာလိုန်ဂန်ရှိဟောင်ဇေအေလ်မီးယေ (အလ်ဟိုဒါ)သည်  ရှီအာဟောင်ဇာဖြစ်ပြီး ၊တာဝန်ရှိပုဂ္ဂိုလ်များမှ ၊ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံကွမ်း မြို့တော်ဟောင်ဇေအေလ်မီယေ မှ ကျောင်းဆင်းများဖြစ်ပြီး၊ ထို့ကျောင်းမှကျောင်းသားများကို ၊ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံကွမ်းမြို့တော်ဟောင်ဇေအေလ်မီယေတွင်အဆင့် မြင့်  အစ္စလာမ်မီပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရန် ပို့ဆောင်ပေးကြောင်းသိရှိရပါသည်။  ////////////////// ################# ********************* /////////////////////