၁၂ ဇူလိုင် ၂၀၁၂ - ၁၉:၃၀

ယနက်စ်ကို၏မေဂျာများအသစ်ဂါဇေအစ္စလာမ်မီတက္ကသိုလ်တွင်ဖွင့်လှစ် ကုလသမ္ဂအဖွဲ့၏ ယနက်စ်ကိုမှကြယ်နက္ခတာရာများသိရှိနားလည်မှု ပညာမေဂျာနှင့်မိုးလေဝသပညာမေဂျာအားဂါဇေအစ္စလာမ်မီတက္ကသိုလ် တွင်ဖွင့်လှစ်စတင်လိုက်ပြီးဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ Tempsreel အင်တာနက်သတင်းဌာနမှတဆင့် အီးက်နာအပြည်ပြည်ဆိုင်ရာ ကျမ်းတော်မြတ်  ကုရ်အာန်သတင်းဌာန အီရန် မှတင်ပြသည်မှာ -  ကမာလိုင်း(န)ရှအ်(ဂါဇေအစ္စလာမ်မီတက္ကသိုလ်ဥက္ကဋ္ဌ)မှဇူလိုင်လ၁၂ရက်နေ့တွင်ဤဖွင့်ပွဲနှင့်ပတ်သက်ပြီး ပြောကြားသည်မှာယနက်စ်ကို၏ ကြယ်နက္ခတာရာများသိရှိနားလည်မှု ပညာမေဂျာဖွင့်လှစ်မှုသည်ပညာ ရပ်ဆိုင်ရာအကြောင်းအရာတစ်ခုဖြစ်ပြီး၊ကိုလိုနီအစ္စရေး၏စွပ်စွဲချက်အရနိုင်ငံရေးအရဆိုသည်မှာမမှန်ကန် ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးပြောကြားသည်ကား - ဤဂါဇေအစ္စလာမ်မီဗဟိုတက္ကသိုလ်သည်ပါလင်စတိုင်တက္ကသိုလ်ကျောင်းသားများ၏ပညာအရည်အသွေး ကိုတိုးတက်ဖွံ့ဖြိုးအောင်သွန်သင်ပေးနိုင်ရန်အတွင်ဖြစ်ကြောင်း၊ကိုလိုနီအစ္စရေးအစိုးရအနေဖြင့်မဟုတ်မမှန် အခြေအမြစ်မဲ့စွပ်စွဲမှုများဖြင့်တက္ကသိုလ်အားသိက္ခာချနေကြောင်းစသည်ဖြင့်ပြောကြားခဲ့ပါသည်။ မှတ်သားစရာအချက်မှဇူလိုင်လ ၁၁ရက်နေ့တွင် ကမာလိုင်း(န)ရှအ်(ဂါဇေအစ္စလာမ်မီတက္ကသိုလ်ဥက္ကဋ္ဌ) နှင့်အေလ်ယာစ်(ယူနက်စ်ကို)ကိုယ်စားလှယ်တို့မှကြယ်နက္ခတာရာများသိရှိနားလည်မှုပညာမေဂျာနှင့် မိုးလေဝသပညာမေဂျာအားဂါဇေအစ္စလာမ်မီတက္ကသိုလ်တွင်ဖွင့်လှစ်ပေးခဲ့ပါသည်။**************************************************************************