အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ (All India Shia Personal Law board) မှ အေမာမ်ဟိုစိုင်း(အ.စ) နှင့် ကိုယ်တော်၏ သာဝက တော် (၇၂) ပါး ၏ရှဟာဒတ်(သ) နှင့်စက်လျဉ်းပြီး ရိုက်ကူးနေသည့် ကရ်ဗလာ အမည် အိန္ဒိယ ရုပ်ရှင်အား ကန့်ကွက် ဆန္ဒပြခဲ့ပြီး ၊ အိန္ဒိယနိုင်ငံ လက်ခနောင်းမြို့ တွင် ဤ ဇာတ်ကား ၏ ဒါရိုက်တာ နှင့် ဇာတ်ညွှန့်ရေး ဆရာတို့ ၏ ဓာတ်ပုံ များအား မီးရှို့ခဲ့ကြပါသည်။ (All India Shia Personal Law board) မှ ပြောရေးဆိုခွင့်ရှိသူ မောင်လာနာ ယအ်စူဗ်အဘာစ် အနေဖြင့် ကြာသပတးနေ့တွေ လက်ခနောင်းမြို့ရှိ (ဝိးဒ်ဟာန်) အဆောက်အဦးရှေ့တွင် ဤ ဇာတ်ကား ၏ ဒါရိုက်တာ (ကလီးမ်ရှိက်ခ်) နှင့် ဇာတ်ညွှန့်ရေး ဆရာ(ကာဒဲရ်ခန်း) တို့၏ ဓာတ်ပုံ များအား မီးရှို့ခဲ့ကြပါသည်။ (All India Shia Personal Law board) မှ အိန္ဒိယ နိုင်ငံ သမ္မတ (မန်မိုဟန်စင် ) နှင့် ပြန့်ကြား ရေးဝန်ကြီး (အာမ်ဘီကာ ဆိုနီ) တို့ထံ ဤဇာတ်ကားသည် မွတ်စလင်များ ၏ နှလုံးသား ကို ထိရှ ၊ထိခိုက်နာကျင်စေမည် ဖြစ်ရာ ဤဇာတ်ကား ရိုက်ကူးမှုကို ရပ်ဆိုင်းမိန့်ပေးရန် မေတ္တာ ရပ်ခံ တောင်းဆိုခဲ့ပါသည်။ (All India Shia Personal Law board) မှ သတိပေး ပြောကြားသည်မှာ အကယ်၍ ရိုက်ကူးမှု မရပ်ဆဲ လျှင် ဆန္ဒပြ ၊သပိတ်မှောက်မှု သည် အိန္ဒိယ တစ်နိုင်ငံ လုံး ကူးစက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (All India Shia Personal Law board) ဥက္ကဋ္ဌ မှ ဤရုပ်ရှင် ဇာတ်ကားတွင် အေမာမ်ဟိုစိုင်း(န)(အ.စ) နေရာတွင် သရုပ်ဆောင်မည် သူကို ပြသမည်ဖြစ်ရာ ၊အေမာမ်ဟိုစိုင်း(န)(အ.စ) သည် မွတ်စလင်များ၏ အထူးကြည်ညိုလေးစားမှု ၊အရိုအသေ ပေးမှုကို ဆွတ်ခူးထားသည့် ပုဂ္ဂိုလ်ထူး ဖြစ်ရာ ၊ရုပ်ရှင်တွင်ပြသသည် နှင့် မွတ်စလင်များ အတွက် စိတ်ထိခိုင်နာကျင် လွယ်သည် အကြောင်းအရာ ဖြစ်မည် ဖြစ်ပြီး၊ မွတ်စလင်များ ၏နှလုံးသားကို ဒဏ်ရာရထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဤကန့်ကွက် ဆန္ဒပြ မှု သည် သောကြနေ့တွင် အိန္ဒိယ နိုင်ငံ ၏အချို့နေရာများ Bollywood ရုပ်ရှင် ဇာတ်ကားမှ ဗဟိုဌာန ဖြစ်သည် ဘုံဘေ မြို့တွင်လည်း (All India Shia Personal Law board) ဖက်မှ ကန့်ကွက် ဆန္ဒပြကြမည် ဟုသိရှိရပါသည်။ ################################################
၁၉ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 330337
အိန္ဒိယနိုင်ငံ လက်ခနောင်းမြို့ တွင် (All India Shia Personal Law board) မှ ဤရုက်ရှင်ဇာတ်ကား ရိုက်ကူးမှု အား ပြစ်တင်ရှုံ့ ချပြီး ဒါရိုက်တာ ၏ နှင့်ဇာတ်ညွှန့် ရေးဆရာတို့ ၏ ဓာတ်ပုံ များအား မီးရှို့ပြီးဆန္ဒပြခဲ့ကြသည်။