အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ မလေးရှားဝန်ကြီးချုပ် နဂျီးဗ်ရာဇတ်က် (Najib Razak)က ပြုပြင်ပြောင်းလဲရေးဝါဒီအတိုက်အခံများသို့ “အလွန်အမင်းလွတ်လပ်မှုဟာ မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံအဖို့ အန္တရာယ်တစ်ရပ်ဖြစ်”ကြောင်း ပြန်လှန်ပြောကြားလိုက်ပါတယ်။ ရမ်ဇန်လမြတ် မစတင်မီ မွတ်စလင်ဘာသာရေးအကြီးအကဲ ၁၀၀၀၀-ကျော် တက်ရောက်လာတဲ့ စုံတွေ့ပွဲတစ်ခုတွင် မကြာမီရောက်ရှိလာတော့မည့် ရွေးကောက်ပွဲအတွက် ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ”ကြောင်းလည်း ပြောကြားပါတယ်။ “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်” ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ လာမည့်နှစ်ဦးပိုင်းမှာ ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး လက်ရှိအာဏာရအစိုးရဘက်လိုက် ဥပဒေများကို ပြုပြင်ရန်လိုကြောင်း အတိုက်အခံများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ လူဦးရေ ၂၈-သန်းရှိ မလေးရှားနိုင်ငံမှာ မလေးလူမျိုး မွတ်စလင် ၆၀-ရာခိုင်နှုန်းရှိပြီး ကျန်မှာ တရုတ်လူမျိုးနဲ့ မွတ်စလင်မဟုတ်သူ အိန္ဒိယလူမျိုးများဖြစ်ကြပါတယ်။
၂၂ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 331214
မလေးရှားဝန်ကြီးချုပ် နဂျီးဗ်ရာဇတ်က် (Najib Razak)က ပြုပြင်ပြောင်းလဲရေးဝါဒီအတိုက်အခံများသို့ “အလွန်အမင်းလွတ်လပ်မှုဟာ မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံအဖို့ အန္တရာယ်တစ်ရပ်ဖြစ်” ကြောင်း ပြန်လှန်ပြောကြားလိုက်ပါတယ်။