အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ) ၏ အသစ်ပုံနှိပ်ထားသည့် စာအုပ်များမှ တစ်အုပ်ဖြစ် သည့် ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ရှဟီးဒ် မိုဟမ္မဒ် ဘာကေရ် ဟကီးမ်ရေးသား သီးကုံးထားသည့် အဖိုးတန် စာအုပ်အား သြဂုတ်လ၁ရက်နေ့ ညနေခင်းအချိန်တွင် အကြိမ် (၂၀) မြောက် နိုင်ငံတကာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲတွင် ထုတ်ဖော် ဖြန့်ချိ ပြသမည့် အခမ်းအနား ကို ကျင်းပမည် ဖြစ်ပါသည်။ စာအုပ်အမည် ။ ။ ((နက်ခ်ရှေ အဟ်လေ့ဘိုက်(အ.စ) ဒဲရ် ဗိုန်နရန်ဂိုဇာရီ ဂျမာအတ်သေ ဆွာလေဟီး)) ပြုစုရေးသားသူ ။ ။ ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ရှဟီးဒ် မိုဟမ္မဒ် ဘာကေရ် ဟကီးမ် ပုံနှိပ်တိုက် ။ ။ မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ) ဤအခမ်းအနားအစီအစဉ် အား သြဂုတ်လ၁ရက်နေ့ ညနေခင်းအချိန်တွင် အကြိမ် (၂၀) မြောက် နိုင်ငံတကာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲတွင် ထုတ်ဖော် ဖြန့်ချိ ပြသမည် ဖြစ်ပြီး ၊မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ)၏ ဥက္ကဋ္ဌဟဇရတ်အာယာသွလ် လ္လာဟ် အခ်သရီ နှင့် မဂ်ျမယေဂျဟာနီအဟ်လေ့ဘိုက်(အ.စ)၏တာဝန်ရှိပုဂ္ဂိုလ်များ၊ကလောင်ရှင်များတက်ရောက် ကြမည်ဖြစ်ပြီးအများပြည်သူအားလည်းတက်ရောက်ကြရန်ဖိတ်ခေါ်မေတ္တာ ရပ်ခံ ထားပါသည်။ ကျင်းပမည့်အချိန် ။ ။ သြဂုတ်လ၁ရက်နေ့ ၊ဗုဒ္ဓဟူးနေ့ ၊ညနေခင်း ၆ နာရီ နေရာ ။ ။ တီဟီရန် ၊ မိုဆွာလာယေ အေမာမ်ခိုမေနီ(ရ.ဟ) ၊ အကြိမ် (၂၀) မြောက် နိုင်ငံတကာ ကျမ်းတော်မြတ် ကုရ်အာန် ပြပွဲ ၊ မြေညီထပ် ၊ (အေဂျဇ်ဇေကုရ်အာန်) ထိုင်ဝိုင်းကဏ္ဍ ၊ အထက်ဖော်ပြပါစာအုပ် အစစ်သည် အာရဘီ ဘာသာဖြင့် "دور أئمة أهل البیت(ع) فی بناء الجماعة الصالحة" ဖြစ်ပါသည်။ ဖွာရစီစကား ကျွမ်းကျင်သူများ အတွက် ဖွာရစီဘာသာ ဖြင့် ဘာသာပြန်ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ ဤစာအုပ်တွင် အရေးကြီးခေါင်းစဉ်များမှာ - ရည်ရွယ်ချက်များ၊ အကျင့်သိက္ခာများ၊စသည်ဖြင့် ဖြစ်ပါသည်။ ဤစာအုပ်အား အာဂါယေ ကာစင်မ် ဟာသေမီ သဗ်ရီ မှ အာရဘီ ဘာသာမှ ဖွာရစီ ဘာသာသို့ ဘာသာပြန်ခဲ့ပြီး အတွဲ မှ ၈ တွဲ ဖြစ်ပြီး အုပ်ရေ ၃၀၀၀ ဖြစ်ပါသည်။ မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ)ဖက်မှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိ လိုက်ခြင်းဖြစ်ပါသည်။ ++++++++++++++++++++++++++++++++++++++++++++++++
ရှဟီးဒ် မိုဟမ္မဒ် ဘာကေရ် ဟကီးမ်၏ စာအုပ် မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ)၏ ဥက္ကဋ္ဌ အရှေ့တွင် ထုတ်ဖော် ပြသမည်
၃၁ ဇူလိုင် ၂၀၁၂ - ၁၉:၃၀
News ID: 333658
ဟဇရတ်အာယာသွလ်လ္လာဟ်ဆရက်ရှဟီးဒ် မိုဟမ္မဒ် ဘာကေရ် ဟကီးမ်ရေးသား သီးကုံးထားသည့် အဖိုးတန်((နက်ခ်ရှေ အဟ်လေ့ဘိုက်(အ.စ) ဒဲရ် ဗိုန်နရန်ဂိုဇာရီ ဂျမာအတ်သေ ဆွာလေဟီး))အမည်ရှိစာအုပ် အားယနေ့ ညနေခင်းပိုင်းအချိန်တွင် မဂ်ျမယေဂျဟာနီ အဟ်လေ့ဘိုက်(အ.စ)၏ဥက္ကဋ္ဌ အရှေ့တွင် ထုတ်ဖော် ပြသမည် ဖြစ်ပါသည်။