အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ အခိျု့သော ဥပဒေသများ။၁။ ကာဖွိ(ရ်)၏ ခန္ဓာကိုယ်တစ်ခုလုံး ယုတ်စွအဆုံး သူ၏ ဆံပင် လက်သဲနှင့် ချွေးကဲ့သို့သော စိုစွတ်မှုများသည် နဂျိ(စ်)ဖြစ်သည်။၂။ တစ်ဦးတစ်ယောက်သည် မွစ္စလင်(မ်)ဖြစ်သလော သို့မဟုတ် ကာဖွိ(ရ်)ဖြစ်သလောဟု မသိရလျှင် သန့်စင်သည်။ သို့သော် မွစ္စ လင်(မ်)များအတွက် သတ်မှတ်ထားသော အခြားဥပဒေများ ထိုသူအ တွက် မရှိနိုင် ပေ။ ဥပမာအား ဖြင့် မွစ္စလင်(မ်)အမျိုးသမီးနှင့် လက်မထပ်နိုင်ပေ။ ထို့အ ပြင် မွစ္စလင်(မ်)များ၏ သချုင်္ိင်းတွင် ထိုသူအား မြှုပ်နှံခွင့် မရသန့်စင်သောအရာများ မည်ကဲ့သို့ နဂျိ(စ်)ဖြစ်သွားနိုင်သနည်း။ရှေ့ပိုင်းတွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဤကမ္ဘာ ကြီး တွင် အချို့အရာများမှလွဲ၍ ကျန်ရှိသောအရာများ အား လုံး သည် သန့်စင်ကြသည်။ သို့သော် သန့်စင်သောအရာနှင့် နဂျိ(စ်)အရာတို့ အနက်တစ်ခုသည် ကျန်တစ်ခုအား ထိတွေ့ ချိန်တွင် မိမိ၏အစို ဓါတ် ကူးစက်သွားလောက်သည်အထိ စိုဆွတ်နေသော အခြေအနေ မျိုးတွင် သန့်စင်သော အရာ များ သည် နဂျိ(စ်)အရာများနှင့် ထိတွေ့ မှုကြောင့် နဂျိ(စ်)ဖြစ်သွားနိုင်လေသည်။၁။ အကယ်၍ သန့်စင်သောအရာသည် နဂျိ(စ်)အရာနှင့် ထိတွေ့ ပြီး ၎င်းတို့နှစ်ခုအနက် တစ်ခု၏ အစိုဓါတ်သည် အခြား တစ်ခု သို့ ကူးစက်သွား လောက်သည်ထိ စိုဆွတ်နေမည်ဆိုလျှင် သန့် စင်သောအရာသည် နဂျိ(စ်)ဖြစ်သွားမည်။၂။အောက်ပါအခြေအနေများတွင် သန့်စင်လေသည်။- သန့်စင်သော အရာနှင့် နဂျိ(စ်) အရာတို့ ထိတွေ့မှု ရှိခဲ့ သလော သို့မဟုတ် မရှိခဲ့သလောဟု မသိလျှင်။- သန့်စင်သော အရာနှင့် နဂျိ(စ်) အရာတို့ စိုဆွတ်မှု ရှိခဲ့ သလော သို့မဟုတ် မ ရှိခဲ့သလောဟု မသိလျှင်။- တစ်ခု၏အစိုဓါတ်သည် အခြားတစ်ခုသို့ ကူးစက်သွားခဲ့ သလော သို့မဟုတ် ကူးစက်မ သွား ခဲ့သလောဟု မသိလျှင်။အခိျု့သော ဥပဒေသများ။၁။ နဂျိ(စ်)များအား စားသောက်ခြင်းသည် ဟရာ(မ်)ဖြစ်သည်။၂။ အကယ်၍ တစ်စုံတစ်ယောက်သည် နဂျိ(စ်)ကိုစားသောက်နေ သည် သို့မဟုတ် နဂျိ(စ်)ဖြစ်ထားသော အဝတ် အ စားဖြင့် နမား(ဇ်) ဝတ်ပြုနေသည်အား တွေ့မည်ဆိုလျှင် ထိုသူအား ပြောရန် မလိုအပ် ပေ။၃။ အကယ်၍ တစ်ဦးတစ်ယောက်သည် သန့်စင်သောအရာအား နဂျိ(စ်)ဖြစ်သွားသလော သို့မဟုတ် ဖြစ်မသွား သ လောဟု သံသရှိလျှင် သန့်စင်လေ သည်။ ယုတ်စွအဆုံး နဂျိ(စ်)ဖြစ်ခြင်းနှင့် သွဟာရ(သ်)ဖြစ်ခြင်းအား သိ နိုင်သည် ဖြစ်စေ လေ့လာစစ်ဆေးရန်လည်း မလိုအပ်ပေ။ သို့ပါ၍ အောက် တွင်ဖော်ပြမည့် ဥပမာများသည် မေးခွန်းထုတ်ခြင်း၊ လေ့လာခြင်းနှင့် ရှောင်ကျဉ်ခြင်းတို့ မလို အပ်သော ဥပမာများပင်ဖြစ်သည်။- ရေမွှေးတစ်မျိုးအား ကာဖွိ(ရ်)ပြုလုပ်ထားလေသည်။ သို့သော် ထိုရေမွှေးသည် ၎င်း၏ ခန္တာကိုယ်ဖြင့် ထိတွေ့ထားသည် သို့မဟုတ် ထိ တွေ့မထားသည်ကို မသိလျှင် သန့်စင်လေသည်။-ကာဖွိ(ရ်)နိုင်ငံများတွင်ရှိသော ဟော်တယ်များ၊တည်းခိုခန်း များရှိ အသုံးအဆောင်ပစ္စည်းများ ဥပမာအားဖြင့် စား သောက်သောပန်း ကန်များ၊ ခွက် များ၊ မျက်နှာသုတ်ပဝါ၊ ရေချိုးခန်း၊ အိမ်သာ၊ ဆပ်ပြာ၊ အိပ်ရာ၊ ခုတင်၊ အခြား ပ စ္စည်းများနှင့် ယုတ်စွအဆုံး တံခါးလက် ကိုင်တို့သည် အကယ်၍ ကာဖွိ(ရ်)၏ ခန္တာကိုယ်နှင့် ထိတွေ့ ပြီး စိုဆွတ်မှု ကူး စက်၍ နဂျိ(စ်)ဖြစ်နေသည်ဟု အခိုင်အ မာ ယုံကြည်မှုမရှိလျှင် သို့မဟုတ် အခြားနည်း ဖြင့် နဂျိ(စ်)ဖြစ် ထားသည်ဟု အခိုင်အမာယုံကြည်မှု မရှိလျှင် သန့်စင် လေသည်။- ငှားရမ်းသော သို့မဟုတ် ဝယ်ယူသော ကာဖွိ(ရ်)နေထိုင် ခဲ့သည့် နေအိမ်၌ တည်ရှိသည့် အသုံးအဆောင် ပစ္စည်းများ ဥပ မာအားဖြင့် မီးဖိုချောင် အသုံးအဆောင်များ၊ ကြမ်းခင်း၊ ဘီဒို နှင့်ယုတ်စွအဆုံး တံခါးလက်ကိုင်များသည် နဂျိ(စ်)ဖြစ်နေ သည်ဟု အခိုင်အမာ ယုံကြည်မှု မရှိလျှင် သန့်စင်လေသည်။- ကာဖွိ(ရ်)နိုင်ငံများရှိ အငှားကားနှင့် ဘတ်(စ်)ကားများ၏ ထိုင်ခုံများနှင့် ပတ်သက်၍ မိုးရွာသွန်းမှုကြောင့်ခန္တာကိုယ် စိုဆွတ်နေ ချိန်တွင် အကယ်၍ ထိုထိုင်ခုံ နဂျိ(စ်)ဖြစ်နေ ခြင်းအား အပြည့်အဝယုံကြည်မှု မရှိလျှင် ထိုပေါ်တွင် ထိုင်ခြင်း ဖြင့် ခန္တာကိုယ် နဂျိ(စ်)မဖြစ်နိုင်ပေ။