အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ မက်(စ်)ဂျိဒွန် နဗီ(ဆွ)နှင့် အေမာ(မ်)အလီ(အ-စ)၏ အိမ်။မဒီနာ မြို့ တွင် တမန်တော်မြတ်(ဆွ)၏ ဆွဟာဘ(ဟ်) အချို့သည် မက်(စ်)ဂျိဒွန် နဗီ(ဆွ)၏ ဘေးပတ်လည်၌ အိမ်များ ဆောက်လုပ်၍ နေထိုင်ခဲ့ ကြသည်။ ထိုအိမ်များတွင် မက်(စ်)ဂျစ်(ဒ်)၏ အတွင်းဘက်သို့ ရောက် ရှိနိုင်သည့် တံခါးများ ပါရှိသည်။ တစ်နေ့တွင် တမန်တော်မြတ်(ဆွ)သည် အေမာ(မ်)အလီ(အ-စ)၏ အိမ် တံခါးပေါက်မှလွဲ၍ ကျန်တံခါး အား လုံးကို ပိတ်ရန် အမိန့် ပေးခဲ့သည်။ သို့သော် ထိုအမိန့်နှင့် ပါတ်သက်၍ တီးတိုး ဝေဖန်မှုများ ပေါ်ပေါက်လာသည်မှာ---အဘယ်ကြောင့် အလီ(အ-စ)သည် ပို၍ အခွင့်အရေး ရရှိရ သနည်း?အဘယ်ကြောင့် သူ၏အိမ် တံခါးသာလျှင် မပိတ်ဘဲ ကျန်ရှိနေရသနည်း? ဆို၍ ဖြစ်သည်။တမန်တော်မြတ်(ဆွ)သည် မိန့်ခွန်းတစ်ခုတွင် မိမိ၏ ဆွဟာဘ(ဟ်)များအား ရည် စူး၍ “ ထိုအမိန့်ဟာ အလ္လာဟ်အသျှင်မြတ်ရဲ့ အမိန့် ဆန္ဒဖြစ်တယ်။ ကျွန်ူပ်သည်အလီ(အ-စ)၏ အိမ် တံခါးမှ လွဲ၍ ကျန်တံခါးများ အားလုံးကို ပိတ်ပင်ရန် ထိုအသျှင်မြတ်၏ တာဝန်ပေးခြင်းခံရသူ ဖြစ်တယ်။ ကျွန်ူပ်သည် အလ္လာဟ်အသျှင်မြတ်၏ ကျေးကျွန် ဖြစ်ပြီး ထိုအသျှင်မြတ်၏ အမိန့်အား လုံးကို ဆောင်ရွက် သွားမှာ ဖြစ် တယ်။ ကျွန်ူပ်သည် ကျွန်ူပ်၏ ဆန္ဒအလျောက် မည်သည့်တံခါး ကိုမျှ မပိတ်ခဲ့သည့်အပြင် မည်သည့်တံခါး ကိုမျှ ပွင့်နေစေ ရန် အခွင့်အရေး မပေးခဲ့ပါ။ သို့ သော် ကျွန်ူပ်ထံသို့ အလ္လာဟ်အသျှင်မြတ်၏ အမိန့် ရောက် ရှိလာ၍သာ ထိုအမိန့်အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟူ၍မိန့်ဆိုခဲ့သည်။ဆွဟာဘ(ဟ်)များသည် ထိုအကြောင်းအရာအား အေမာ(မ်)အလီ(အ-စ)အတွက်အလွန် ကြီး ကျယ်သော ကောင်းမြတ်မှု အဖြစ် သတ်မှတ်ခဲ့ ကြသည်။သူတစ်ဦးတည်းသာလျှင် အလ္လာဟ်အသျှင်မြတ်၏ အိမ်တော် က(အ်)ဘ(ဟ်) တွင် ဖွား မြင်လာခဲ့ပြီး သူ၏ အိမ်တံခါးသည်သာလျှင် မက်(စ်)ဂျိဒွန် နဗီ(ဆွ)ဘက်သို့ ပွင့်နေခဲ့သည်။ ထို့ အပြင် နောက်ဆုံးတွင်လည်း အလ္လာဟ်အသျှင်မြတ်၏အိမ်တော်ဖြစ်သောကူဖွ(ဟ်)မက်(စ်)ဂျစ်(ဒ်)တွင်ပင်ယှဟီး(ဒ်)လုပ်ခြင်းခံခဲ့ရသည်။ တမန်တော်မြတ်(ဆွ)၏ ပခုံးပေါ်တက်၍ ရုပ်တုများအား ရိုက်ချိုးခြင်း။မု(ရှ်)ရိ(က်)များသည် အလ္လာဟ်အသျှင်မြတ်အား ကိုးကွယ်ရမည့်အစား သစ်သား၊ ကျောက်တုံး များဖြင့် ပြု လုပ်ထားသော ရုပ်တုများကို က(အ်)ဘ(ဟ်)ကျောင်းတော်၏ နံရံများတွင် ချိတ်ဆွဲထားခဲ့ကြသည်။ လူမျိုးစုတိုင်း အုပ်စုတိုင်းတွင် သီးသန့် ရုပ်တုများ ရှိနေခဲ့ သည်။ မသိနားမလည်သူများ အသိဥာဏ်မဲ့ သူများသည် ထိုရုပ်တုများအား ပူဇော် ပသ နေခဲ့ကြပြီး ၎င်းတို့အတွက် စတေးမှုများပင်ပြုလုပ်နေခဲ့ ကြသည်။နှစ်ပေါင်းများစွာ အလျင်က တစ်ပါးတည်းသော အသျှင်၏ အိမ်တော်သည် ထို အသျှင်အား ဆန့်ကျင်မှုများနှင့် ရုပ်တုကိုးကွယ်မှုများဖြင့် စွန်းထင်း ညစ်နွမ်းနေခဲ့သည်။ သို့ သော် မက္ကာမြို့ အား အောင်မြင်ပြီးနောက်တွင် တမန်တော်မြတ်(ဆွ)သည် အေမာ(မ်) အလီ(အ-စ)နှင့် အ တူတကွ ထိုကဲ့ သို့သော ညစ်ညမ်းမှုများကို သန့်စင်ဖယ်ရှားရန်ရည်မှန်းခဲ့သည်။ တမန်တော် မြတ်(ဆွ) မိမိ၏ လက်ကိုင် တုတ်ဖြင့် ရုပ်တုများကို တခုပြီး တခု ရိုက်ချိုးခဲ့သည်။ ထို့ နောက် အထက်တွင် ချိတ်ဆွဲထားသော ရုပ် တုများအား အောက်သို့ ပစ်ချရန်အတွက် မြေ ကြီးတွင် ထိုင်၍ “ ငါ၏ ပခုံးပေါ်သို့ တက်လော့ ”ဆို ၍ အေမာမ်အလီ(အ-စ)အား အမိန့်ပေးပြီး အေမာ(မ်)အလီ(အ-စ) ပခုံးပေါ်သို့ ရောက်သောအခါ မတ် တပ်ရပ်၍ အေမာ(မ်) အလီ(အ-စ)အား အထက်သို့ မျှောက်ပင့်ပေး လေ သည်။ထို့နောက် အေမာ(မ်)အ လီ(အ-စ) သည် အလ္လာဟ်အသျှင်မြတ်အား ဆန့်ကျင်မှု ဖြစ်စေ သည့် ရုပ်တုများကို ရိုက်ချိုး ဖယ်ချ၍ ဖျက်ဆီးပစ်ခဲ့သည်။