အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။
အကူအညီဖေးမမှုသည်အလ္လာဟ်ဟိုအရှင်မြတ်"သခင်၏နှစ်မြို့မှုကိုဖြစ်ထွန်းစေပါသည်။
တမန်တော်မြတ်ကြီး(ဆွ)၏သာဝကဟောင်းများထဲမှသာဝကတစ်ပါးသည်မကျန်းမမာဖြစ်၏။
အေမာမ်ဟိုစိုင်း(န)(အ.စ)သည်၎င်းအားကြည့်ရှုမေးမြန်းရန်အလို့ငှာကြွမြန်းသွားလေ၏။
အရမ်းမနေသာ၊မထိုင်သာဖြစ်ပြီးသောက၊ဗျာများနေကြောင်းတွေ့ရ၏။
အော်ဟစ်ခြင်း၊ဒေါသထွက်ခြင်း၊“အား၊အား”ဟုဟစ်ကြွေးခြင်းကို ပြုလုပ်နေ၏။
အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့်၎င်းအခြေအနေကို ကြည့်ရှုတော်မူပြီးစိတ်မကောင်း၊မချမ်းမမြေ့ဖြစ်၏။
ပြီးနောက်မိန့်ခြွေတော်မူသည်မှာ- “နောင်တော်!အဘယ်အတွက်ကြောင့်ဒေါသထွက်နေရပါသနည်း?ပြောပြပါ။
ထိုမှသာလျှင်နောင်တော်၏ဒေါသကိုငြိမ်း အေးအောင်လုပ်နိုင်မှာဖြစတယ်။”
ထိုလူမမာ(သာဝက)ပြောကြားသည်မှာ- “ကျွန်တော်ဆီမှာငွေအများကြီးမရှိပါ။
လူအများကိုအ ကြွေးဆပ်ရမည်ဖြစ်ပါတယ်။
အကြွေးဆပ်ရန်အတွက်(ရောင်း ရန်)လည်းဘာတစ်ခုမှမရှိပါ။ကျွန်တော်လူအများ၏အကြွေးမ ဆပ်နိုင်ဘဲ၊တင်နေမှာကိုကြောက်တယ်။စိုးရိမ်တယ်။” အေမာမ်ဟိုစိုင်း(န)(အ.စ)
မိန့်ကြားတော်မူသည်မှာ-
“ကျွန်တော်ချစ်ရသောနောင်တော်!ဒေါသမထွက်ပါနှင့်။
ကျွန်တော်နောင်တော်၏အကြွေးဆပ်ပေးဖို့အာမခံပါတယ်။”
၎င်းလူမမာမွတ်စလင်(မ)ပြောကြားသည်မှာ-
“ကျွန်တော်နှလုံးသားကတောင်းတနေပါတယ်။
အသက်မ ထွက်ခင်အလျင်မည်သူရဲ့အကြွေးမျှမကျန်စေချင်ပါဘူးခင်ဗျာ။ ကိုယ်တော်အနေဖြင့်ကျွန်တော်အကြွေးဆပ်မပေးမည်အလျင်၊ ကျွန်တော်အသက်ထွက်သွားမှာကိုစိုးရိမ်ပါတယ်။နောက်ပြီးအ ကြွေးဆပ်ရန်
ကျန်ရစ်သူအဖြစ်သေသွားရမယ်လေ။” အေမာမ်ဟိုစိုင်း(န)(အ.စ)မိန့်တော်မူ၏။
“စိတ်မကောင်းမဖြစ်ပါနှင့်!နောင်တော်မဆုံးမီအရင်နောင်တော်၏အကြွေးများကိုဆပ်ပေးနိုင်
မည်ဟုမျှော်လင့်ပါတယ်။” အေမာမ်ဟိုစိုင်း(န)(အ.စ)ခိုဒါဟာဖစ်ပြောကြားပြီးအပြင်ကြွ မြန်းလာ၏။
ပြီးနောက်ချက်ချင်းငွေစီစဉ်ပြီး၎င်းလူမမာ၏အကြွေးဆပ်လေ၏။ထို့နောက်၎င်းအား
သတင်းပေးလေ၏။“စိတ်ချပါ တော့!နောက်တော်၏အကြွေး(အားလုံး)ဆပ်ပြီးပါပြီ။
” ထိုလူမမာသာဝကသည်ပျော်ရွှင်ကြည်နူးသွားလေ၏။
အလ္လာဟ်ဟိုအရှင်မြတ်"သခင်သည်လည်းပဲ၊ဤကူညီ ဖေးမမှုအားအလွန်နှစ်မြို့
၊နှစ်သက်တော်မူ၏။ ကျွန်ုပ်တို့၏တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူ သည်မှာ-
“အကြင်မည်သူမဆိုမိုမင်(န)တစ်ဦးအားပျော်ရွှင်ချမ်းမြေ့ အောင်ပြုမည်ဆိုလျှင်
ကျွန်ုပ်အားပျော်ရွှင်ချမ်းမြေ့အောင်ထား ခြင်းဖြစ်ပေသည်။မည်သူမဆိုကျွန်ုပ်အားပျော်ရွှင်ချမ်းမြေ့အောင်
ထားခြင်းသည်အလ္လာဟ်ဟိုအရှင်မြတ်"သခင်အားပျော်ရွှင်ချမ်း မြေ့ အောင်ထားခြင်းဖြစ်ပေသည်။”
စဉ်းစားပြီးအဖြေပေးပါ။
(၁)အသင်(စာရှုသူ)၏အပေါင်းအသင်းများထဲမှတစ်ယောက်ဖျားနာ
ခဲ့လျှင်၎င်းအားကြည့်ဖို့သွားဖြစ်ပါမည်နည်း?
(၂)အေမာမ်ဟိုစိုင်း(န)(အ.စ)သည်လူမမာသာဝကအားမည်ကဲ့သို့ မေးမြန်းပါသနည်း?
၎င်းလူမမာသာဝကအနေဖြင့်မည်ကဲ့သို့အ ဖြေပေးခဲ့ပါသနည်း?
(၃)အေမာမ်ဟိုစိုင်း(န)(အ.စ)အနေဖြင့်ထိုလူမမာသာဝက၏စိတ်မ
ချမ်းသာခြင်းကိုမည်ကဲ့သို့ဖြေရှင်းပေးခဲ့ပါသနည်း?
(၄)အသင်(စာရှုသူ)အနေဖြင့်တစ်ဦးတစ်ယောက်အကြွေးဆပ်စရာရှိပါသလား?
......မိမိအကြွေးကိုအမြန်ဆပ်ရင်ပိုမကောင်းဘူးလား?
(၅)အသင်(စာရှုသူ)အနေဖြင့်ဒီနေ့အထိမွတ်စလင်(မ)တစ်ဦး၊
ဦးကိုပျော်ရွှင်ချမ်းမြေ့အောင်ပြုလုပ်ခဲ့ပါသလား?........မည်ကဲ့သို့ပြုလုပ်ခဲ့ပါသနည်း?
(၆)ကျွန်ုပ်တို့၏နှစ်ဘဝသခင်ကျေးဇူးတော်ရှင်တမန်တော်မြတ် ကြီး(ဆွ)သည်မိုမင်(န)တစ်ဦးတစ်ယောက်ပျော်ရွှင်ချမ်းမြေ့
အောင်ပြုလုပ်ခြင်းနှင့်
ပက်သက်ပြီးမည်ကဲ့သို့ဩဝါဒမိန့်ကြားခဲ့ပါသနည်း?
ကောက်နှုတ်ချက် ။ ။ ဟဇရတ်(သ) အာယာသွလ္လာဟ် အဗရာဟီး(မ)အမီးနီး ရေးသားသီးကုံးထားသည့်
“အာမိုဇေရှ်ဒီး(န)ပေဇဗန်းနေစသေ” (آموزش دين به زبان ساده) မှ ဘာစာပြန်ဖော်ပြသည်။
ဂျမားလ်(ကွမ်း)