၁၄ စက်တင်ဘာ ၂၀၁၂ - ၁၉:၃၀

အစၥလာမ္ဘာသာ၏ ဆန့်ကျင်ဖက် စော်ကားပုတ်ခတ် ထားသည့် ရုပ်ရှင်အား အပြစ်တင်ရှုံ့ချပြီး လက်ဘနွန် နိုင်ငံ ဟစ်ဘွလ်လ္လာဟ်အဖွဲ့ လက်ဗိုက် ယာ ရစူလ် လွလ္လာဟ် ကြွေးကျော် သံဖြင့် သပိတ်မှောက် ဆန္ဒပြမည် ဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ လက်ဘနွန် နိုင်ငံ ဟစ်ဘွလ္လာဟ် အဖွဲ့မှ ကြေငြာတစ်ခု တွင် ကြေငြာသည်မှာ - မိမိတို့အဖွဲ့ အနေဖြင့် အစ္စလာမ်ဘာသာ၏ ဆန့်ကျင်ဖက် စော်ကားပုတ်ခတ် ထားသည့် ရုပ်ရှင်အား အပြစ်တင်ရှုံ့ချပြီး လက်ဗိုက် ယာ ရစူလ် လွလ္လာဟ် ကြွေးကျော် သံဖြင့် သပိတ်မှောက် ဆန္ဒပြမည် ဖြစ်ပါသည်။လက်ဘနွန် နိုင်ငံ ဟစ်ဘွလ္လာဟ် အဖွဲ့မှ ဤ အစ္စလာမ်ဘာသာ၏ ဆန့်ကျင်ဖက် စော်ကားပုတ်ခတ်ထားသည့် ရုပ်ရှင်အား မပြသမည် အရင် အပြင်းအထန် မပြသရန် ကန့်ကွက်တားမြစ်ခဲ့လေသည်။ ပြီးနောက် ဤရုပ်ရှင်ရိုက်ကူးမှု၏နောက်ကွယ်တွင် တစ်ယောက်တည်း မဟုတ်ဘဲ အမေရိကန် နှင့် အစ္စရေးတို့၏လက်များ ပါကြောင်းပြောကြားခဲ့ပါသည်။