၂၀ စက်တင်ဘာ ၂၀၁၂ - ၂၀:၃၀

ဂ်ကာတာ(ဆင္ဟြာ)။။ အင်ဒိုသမ္မတယူဒိုယိုနို (Susilo Bambang Yudhoyono)က ကုလသမဂ္ဂနှင့် OIC တို့အား တမန်တော်မုဟမ္မဒ်ကို အသေရေဖျက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက်ဘာသာရေး အသေရေဖျက်မှုကိုစည်းမျဉ်း ထုတ်ပြန်ဖို့ အလေးအနက် တိုက်တွန်းလိုက်တယ် လို့အင်္ဂါနေ့ ကသတင်းမှာ ဖေါ်ပြပါရှိပါတယ်။

 အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။ အနောက်ဂျာဗားရှိ စီရီဘွန်းမြို့(Cirebon) မှာ နာ့လာ့ဟ်တူအိုလမာ(Nahdlatul Ulama) အမျိုးသားတွေ့ဆုံပွဲ မတိုင်ခင်မိန့်ခွန်းတစ်ခုမှာ ယူဒိုယိုနိုက `ကျွန်တော် OIC နဲ့ UN ကို အခုလိုကိစ္စမျိုးတွေ နောက်ထပ်ဖြစ်ပွားမှုမှ ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း ဥပဒေထုတ်ပြန်ဖို့ အလေးအနက်ထား စဉ်းစားဖို့ မေတ္တာရပ်ခံထားပါတယ်´ လို့ The Innocence of Muslims လို့ အမည်ရတဲ့အစ္စလာမ့် ဆန့်ကျင်ရေး ဗီဒီယိုကို ရည်ညွှန်းပြီးပြောဆိုသွားပါတယ်။ဘာသာတရားအသရေဖျက်မှုဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေရဲ့ နှလုံးသားကိုထိခိုက်စေတယ်၊ ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး ဆိုးဝါးတဲ့ ပဋိပက္ခတွေကို စတင်စေနိုင်တယ်လို့ ဂျကာတာဂလိုဘယ် သတင်းက ယူဒိုယိုနိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြသွားပါတယ်။အဲဒီဗီဒီယိုဖိုင်ကိုအင်ဒိုအစိုးရရဲ့အမိန့်နဲ့အင်ဒိုနီးရှားမှာပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ကောပ့်တစ်အမေရိကန်ခရစ်ယာန်တစ်ယောက်ဖြစ်သူတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ကြောင့် အမေရိကန်ဆန့်ကျင်ရေးဟာ အရှေ့အလယ်ပိုင်းနဲ့အင်ဒိုနီရှားတစ်လျှောက်မှာ ဖြစ်ပွားခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဖင် (Christopher Stevens)နဲ့ အခြားအမေရိကန်သုံးဦး အသတ်ခံရတဲ့ အထိဖြစ်ပွားခဲ့ပါတယ်။