၂၄ စက်တင်ဘာ ၂၀၁၂ - ၂၀:၃၀

ဂိုဂဲ၏ ယူတယူပ်မှ ဆော်ဒီတွင် တမန်တော်မြတ်ကြီး(ဆွ)အားအသေရေဖျက်စော်ကားသည့် ရုပ်ရှင်အတွက် လုံးဝ ဘလောက်လုပ်ထားကြောင်းထုတ်ဖော်ကြေငြာခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ။ ။ ဆော်ဒီဘုရင် အဗ်ဒွလ်လ္လာဟ် ဗင် အဗ်ဒွလ်အဇီးဇ် ဖက်မှ တမန်တော်မြတ်ကြီး (ဆွ) အား အသေရေဖျက် စော်ကားသည့် ရုပ်ရှင်ပြသည် ထားသည့်လင်းခ်များ အားလုံး ကို ဘလောက် ပြုပိတ်ပင်ရန် အမိန့်ပေးခဲ့ပေသည်။၎င်း၏အမိန့်ပေးပြီးနောက် ဂိုဂဲ၏ ယူတယူပ်မှ ဆော်ဒီတွင် တမန်တော်မြတ်ကြီး (ဆွ) အား အသေရေဖျက် စော်ကားသည့် ရုပ်ရှင်အတွက် လုံးဝ ဘလောက် လုပ်ထားကြောင်းထုတ် ဖော်ကြေငြာခဲ့ပါသည်။ဂိုဂဲ၏ ယူတယူပ်မှ ဆော်ဒီအာဏာပိုင်များဖက် မှ အကယ်၍ တမန်တော်မြတ်ကြီး (ဆွ) အား အသေရေဖျက် စော်ကားသည့် ရုပ်ရှင်ရှိသည့် လင်းခ်များ အားလုံးကို ဘဘောက်မလုပ်ပေး ဘူးဆိုလျှင် ဆော်ဒီ တနိုင်ငံလုံးတွင် ဂိုဂဲ၏ ယူတယူပ် အား ချိတ်ပိတ်မည်ဟု သတိပေး ခြိမ်းခြောက်ပြီးနောက် မှ ရုပ်ရှင်အတွက် လုံးဝ ဘလောက် လုပ်ထားကြောင်းထုတ် ဖော် ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။