အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အောက်တိုဘာလ ၃ ရက်နေ့ တွင် ကျင်းပ သည့် ဤညီလာခံ တွင် ပါကစ္စတန် နိုင်ငံ မွတ်စလင်များ ညီညွတ်ရေး အသင်းဥက္ကဋ္ဌ အလ္လာမာ အဘာစ် ကို မိုင်းလီ အနေဖြင့် အစ္စလာမ် သာသနာ နှင့် မွတ်စလင် အား ဟဇရတ် မိုဟမ္မဒ် မွစ်သဖွာ (အ.စ)ကြောင့် ကမ္ဘာ က သိခဲ့ကြောင်း ၊ မွတ်စလင်များ အပေါ် ကိုယ်တော်မြတ် (ဆွ) ၏ ဘဝ သမိုင်း ကို အတိ အကျ လေ့လာ မှတ်သား ဖို့ ဝါဂျစ်ဗ် ဖြစ်ကြောင်း၊စသည်ဖြင့် ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ၎င်း အနေဖြင့် ပြောကြားသည်မှာ -ကျမ်းတော်မြတ် ကုရ်အာန် အတွက်မွတ်စလင်များ အဖို့ တမန်တော်မြတ် ကြီး (ဆွ) သည် အကောင်းဆုံး စံမှတ်ကျောက် နမူနာ ဖြစ်ကြေင်း ၊ အနောက်တိုင်းသားများအနေဖြင့် မိမိတို့နိုင်ငံသားများ အနေဖြင့် အစ္စလာမ် သာသာနာ ဖက်သို့ စိတ်ဝင်စားမှု နှင့် မွတ်စလင် ဖြစ်လာ မှု ကို ကြောက်ရွံ့ စိုးရိမ် ပြီး ကိုယ်တော် မြတ် (ဆွ) အား အသေရေဖျက် ပုတ်ခတ် စော်ကားသည့်ရုပ်ရှင်ရိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၄ အောက်တိုဘာ ၂၀၁၂ - ၂၀:၃၀
News ID: 353960
ပါကစ္စတန် နိုင်ငံ မွတ်စလင်များ ညီညွတ်ရေး အသင်းဖက်မှ ကြီးမှူး သည့်(တမန်တော်မြတ် ကြီး (ဆွ) ၏ အဆင့်နေရာ ) အမည်ဖြင့် ညီလာခံ အား ကရာချီမြို့ ရှိ အင်ဂျင်နီယာ တက္ကသိုလ် (ဆရ်ဆရက် ) တွင် ကျင်းပခဲ့ပါသည်။