အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ အီရန် နိုင်ငံအား ကိုလိုနီ ဝါဒီ အစ္စရေး နိုင်ငံက ဝင်ရောက် တိုက်ခိုက် ပါက တတိယ ကမ္ဘာစစ် ဖြစ်ပွား လာမည် ဖြစ်သည်ဟု ပြည်ထောင်စုအစ္စလာမ်မစ် အီရန်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ပြောဆိုခဲ့သည်။

ကိုလိုနီ အစ္စရေးနိုင်ငံ အနေဖြင့် အီရန်နိုင်ငံ အတွင်းသို့ ကျူးကျော်တိုက်ခိုက်လာပါက တတိယ ကမ္ဘာစစ်ကို စတင် မီးမွှေးသကဲ့သို့ ဖြစ်စေရမည်ဟု အီရန်လေကြောင်း ဗိုလ်ချုပ်ကြီး စရ်ဒါ ဟာဂျီ အလီဇာဒေ က နိုင်ငံပိုင် အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်ကြီးမှာ အီရန်နိုင်ငံ၏ အထင်ကရ အဖွဲ့အစည်းဖြစ်သော အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်စစ်သည်အဖွဲ့ (IRGC) မှ အကြီးတန်း အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သည့် သုံးရက်ခန့်က အစ္စရေးနိုင်ငံမှ အီရန်နိုင်ငံ၏ နျူကလီးယား စက်ရုံများကို ဝင်ရောက်ဖျက်ဆီးမည်ဟု  ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အီရန်ဘက်မှ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။