၂၂ အောက်တိုဘာ ၂၀၁၂ - ၂၀:၃၀

သာန်ဇနီယာ နိုင်ငံ ရှီအာများ အနေဖြင့် ရှဟာဒတ်သ် အေမာမ် မိုဟမ္မဒ်ဘာကေရ်(အ.စ) နေ့ အဖြင့်မနက်ဖန် အောက်တိုဘာလ၂၄ ရက်နေ့ တွင် မြို့တော် ဒါရွလ်စလာမ် ရှိမာကူမာန် ဒေသတွင်မဂျလစ် ကျင်းပမည် ဖြစ် ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ ဤမဂျလစ်အား ဤ နိုင်ငံ၏ အကျော်အမော် အိုလမာတစ်ပါး လည်း ဖြစ် ၊ အေမာမ် ဂျမာအတ်လည်းဖြစ်၊ မစ်ဂျစ်ဒ် အမီးရွလ် မိုမေနီး (အ.စ) အား အုပ်ထိန်းသူ ရှိက်ခ် ရှအ်ဗန်အနေဖြင့် အေမာမ် မိုဟမ္မဒ်ဘာကေရ်(အ.စ) ၏ ဘဝသမိုင်း နှင့် ကြီးကျယ်မြင့် မြတ်မှု အား ဟောကြားတော်မူမည် ဖြစ်ပါသည်။နောင်ဟာဖတ်ရွတ်သူ တချို့ မှလည်း ရှဟာဒတ်သ် အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ) အတွက် ငိုချင်း ဖတ်ရွတ်ကြမည် ဖြစ်ပါသည်။ ဇေယာရတ် အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ) လည်း ဖတ်ရွတ်ကြမည်ဖြစ်ကြောင်း သိရပါသည်။ဤမဂျလစ်သည် မစ်ဂျစ်ဒ် အမီးရွလ် မိုမေနီး (အ.စ) ကြီးမှူး၊စီစဉ်မှု ဖြင့် မြို့တော် ဒါရွလ်စလာမ် ရှိ မာကူမာန် ဒေသတွင် နမာဇ် မဂ်ရေဇ် နှင့် အေရှာ အပြီး ကျင်းပမည် ဖြစ်ပါသည်။