အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ သီရိလင်္ကာနိုင်ငံတွင် ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွား ၂၇ ဦးသေဆုံးသီရိလင်္ကာ နိုင်ငံရှိ ဝီလီကဒါ အကျဉ်းထောင်တွင် နိုဝင်ဘာလ ၉ ရက်၌ အဓိကရုဏ်း တစ်ခုဖြစ်ပွား ခဲ့ရာ ၂၇ ဦး သေဆုံးခဲ့ပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက် ပို့စ်သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ရဲကတရားမဝင် သွင်းကုန်ပို့ ကုန်များကို ရှာဖွေနေစဉ် လက်နက် များသိမ်းဆည်းထားသည့် ထောင် သားများကပစ်ခတ်သဖြင့် ထိုကဲ့သို့ အဓိကရိုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုသို့ထောင်သားများ ဆူ ပူမှုကြောင့် အဓိကဂိုဏ်းအား နှိမ်နင်းခြေမှုန်းပေးပါရန် သီရိလ င်္ကာစစ်တပ်ကို ခေါ်ယူခဲ့ကြောင်း စနေနေ့တွင် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ရှာဖွေရေးလုပ်သည့် ရဲကွန် မန်ဒိုများနှင့် ထောင်သားများ တိုက်ပွဲဖြစ်ပွားသော ဝီလီကာဒါ အကျဉ်းထောင်ကို ကိုလံဘိုမြို့ရှိ လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းလိုက်သဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သေဆုံးသူ အလောင်း ၁၁ လောင်းပြန်တွေ့ရသည်ဟု အကျဉ်းထောင်များဆိုင်ရာ ဝန် ကြီးချန်ဒရာဆီရီဂါဂျာဒီးရာက ဆိုကြောင်းအဆိုပါသတင်းတွင်ဖော် ပြထားသည်။“အလောင်း ၁၆ လောင်း ကတော့ ဆေးရုံးရောက်သွားပါပြီ၊ နောက်ထပ် ၁၁လောင်းကို ဒီနေ့ ထောင်ထဲမှာ ရှာတွေ့ခဲ့ပါတယ်၊ ဒီဖြစ်ရပ်ကိုစုံစမ်းဖို့ သုံးဦးကော် မတီကိုကျွန်တော်ဖွဲ့ပေးခဲ့ပါတယ်” ဟု ဂါဂျာဒီးရားက လွှတ်တော်သို့ တင်ပြခဲ့သည်။သောကြာနေ့တွင်ဖြစ်ပွားခဲ့သော ထောင်တွင်းအကြမ်းဖက်မှု သည်အဆိုပါထောင်တွင်း၌ ဆင် ဟာလီ အကျဉ်းသားအများစုက တမီးလ်အကျဉ်းသား ၅၀ ကျော် ကို အစုလိုက်အပြုံလိုက် သတ် သည့် ၁၉၈၃ ခုနှစ် ဇူလိုင်လ အဓိကရုဏ်းအပြီးတွင် အဆိုးရွား ဆုံးဖြစ်ကြောင်း အဆိုပါသတင်း တွင် ရေးသားဖော်ပြခဲ့သည်။သီရိလင်္ကာနိုင်ငံတွင် ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွား ၂၇ ဦးသေဆုံး